ဝူဟန့်၊ မတ် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှှီကျင့်ဖိန်သည် မတ် ၁၀ ရက်တွင် COVID-19 ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး စစ်ဆေးမှုအတွက် ဟူပေပြည်နယ် ဝူဟန့်မြို့၊ ဟောဆန်ဆန်းဆေးရုံသို့ သွားရောက်စစ်ဆေးပြီးနောက် ၎င်းမြို့ရှိရပ်ကွက်တစ်ခုအတွင်း နေအိမ်၌ စောင့်ကြပ်ကြည့်ရှုခြင်းဖြင့် နေထိုင်ရသော ဒေသခံများထံ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် COVID-19 နှင့်ပတ်သက်၍ အမေရိကန် စီးပွားရေးခေါင်းဆောင်တစ်ဦးဖြစ်သော ဘီလ်နှင့် မယ်လင်ဒါဂိတ်ဖောင်ဒေးရှင်း (Bill & Melinda Gates Foundation) ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ် (Bill Gates) ထံမှ သဝဏ်လွှာတစ်စောင် လက်ခံရရှိပြီးနောက်...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် မြို့တော် ပေကျင်းရှိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းသို့ ယနေ့ဖေဖော်ဝါရီ ၁၀ ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှှီကျင့်ဖိန်သည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြောကြားခဲ့ကြရာ အမေရိကန်အနေဖြင့် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနှင့်ပတ်သက်၍ ကျိုးကြောင်းလျော်ညီစွာ တုံ့ပြန်ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
အိုဆာကာ၊ ဂျပန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှှီကျင့်ဖိန်က Group of 20 (G20) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တိုးတက်မှုအတွက် တွန်းအားရှာဖွေရန်၊ ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှု တိုးတက်ရန်၊ တိုးတက်မှုအား တွန့်ဆုတ်စေမှုများအား ဖယ်ရှားရန်၊ မတူကွဲပြားမှုများအား သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ရန် ဇွန်လ ၂၉...