ဟန်ကျိုး ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်နှင့် နိုင်ငံ၏ မျက်မှောက်ခေတ်စိတ်ဓာတ်အားမာန်၏ သာဓက တစ်ခုအနေဖြင့် ခမ်းနားကြီးကျယ်သော အာရှအားကစားပွဲ ဖွင့်ပွဲအခမ်းအနားအား ဟန်ကျိုး အိုလံပစ် အားကစားစင်တာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua) —————————— GLOBALink | Grand opening ceremony...
ဟန်ကျိုး ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) နှစ်ပေါင်း ၅,၀၀၀ သက်တမ်းရှိ တရုတ်ယဉ်ကျေးမှုလူ့အဖွဲ့အစည်းဆိုင်ရာ သက်သေအထောက်အထား တစ်ခုဖြစ်သည့် လျန်ကျူယဉ်ကျေးမှု၏ ကျောက်စိမ်းသည် တရုတ်နိုင်ငံအရှေ့ပိုင်း ဟန်ကျိုးမြို့၌ စက်တင်ဘာ ၂၃ ရက်တွင် ကျင်းပဖွင့်လှစ်မည့် ၁၉ ကြိမ်မြောက် အာရှအားကစားပွဲတွင် အဓိက ယဉ်ကျေးမှု အစိတ်အပိုင်းတစ်ရပ် ဖြစ်လာခဲ့သည်။...
ဦလန်ဘာတာ ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) မကြာမီ ကျင်းပမည့် ဟန်ကျိုးအာရှအားကစားပြိုင်ပွဲသို့ မွန်ဂိုလီးယားနိုင်ငံက အဖွဲ့ဝင် ၆၀၀ ကျော်ရှိသည့် ကိုယ်စားလှယ်အဖွဲ့အား စေလွှတ်သွားမည် ဖြစ်ပြီး ယင်းမှာ အာရှအားကစားပြိုင်ပွဲတစ်ခုတည်းအတွက် အကြီးဆုံးအဖွဲ့ဖြစ်ကြောင်း မွန်ဂိုလီးယားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့သည်။
ဟန်ကျိုး ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ရှိ အထင်ကရ ရှီးဟူရေကန်အနီးတွင် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲအတွက် မီးရှူးတိုင်လက်ဆင့်ကမ်းသယ်ဆောင်မှုအား စက်တင်ဘာ ၈ ရက်တွင် စတင်ခဲ့ပြီး ပြိုင်ပွဲအတွက် ၁၅ ရက်ကြာ ရေတွက်မှု(countdown)ကို စတင်ခဲ့ကြောင်း သိရသည်။
ဟန်ကျိုး ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့၌ မကြာမီကျင်းပမည့် ဟန်ကျိုးအာရှအားကစားပြိုင်ပွဲအတွင်း လျှပ်စစ်ဓာတ်အားပေးပို့မှု သေချာစေရေးအတွက် အရေးပေါ်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရဿည်။ ယင်းလေ့ကျင့်မှုများတွင် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်နိုင်သည့် အဓိက လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေး လမ်းကြောင်းများ အပြင်းအထန်ပျက်စီးမှုများ တုံ့ပြန်ဆောင်ရွက်မှုများအား စမ်းသပ်ခဲ့ကြောင်း သိရသည်။...