China2 minutes ago
ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ထိုင်ဝမ်နှင့်စပ်လျဉ်းသည့်အဆိုပြုချက်ကို ၁၀ နှစ်မြောက် ဆက်တိုက်ပယ်ချခြင်းက တရုတ်တစ်နိုင်ငံတည်းမူဝါဒအခင်းအကျင်းအပေါ် နိုင်ငံတကာအသိုက်အဝန်း၏ ထောက်ခံအားပေးမှုက ဖျောက်ဖျက်မရအောင် ခိုင်မာမြဲမြံကြောင်း အပြည့်အဝဖော်ပြနေဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား
ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ) ၇၉ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံက ထိုင်ဝမ်အရေးနှင့်စပ်လျဉ်းသည့်တင်သွင်းချက်ကို ညီလာခံအစီအစဉ်တွင် ထည့်သွင်းခြင်းမပြုရန် ထပ်မံဆုံးဖြတ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက မေ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးညီလာခံက ထိုင်ဝမ်နှင့်စပ်လျဉ်းသည်ဟုဆိုသော တင်သွင်းချက်ကို ၁၀ နှစ်မြောက် ဆက်တိုက်ပယ်ချခြင်းက တရုတ်တစ်နိုင်ငံတည်းမူဝါဒအခင်းအကျင်းအပေါ်...