Economy3 years ago
တရုတ်-အာဆီယံ ခရီးသွားလုပ်ငန်းပြပွဲကို တရုတ်နိုင်ငံ တောင်ပိုင်းတွင် ကျင်းပမည်
နန်နင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် တရုတ်-အာဆီယံ ခရီးသွားလုပ်ငန်းပြပွဲကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကွေ့လင်မြို့တွင် ဒီဇင်ဘာ ၈ ရက်၌ ပြုလုပ်မည်ဖြစ်ကြောင်း ဒေသတွင်း ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဌာနက အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။