23
Fri, Aug
523 New Articles

မနီလာ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်း တိုးပွားလာကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင် ၁၅ ရက်တွင် ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။ ယခုနှစ်တွင် ဖိလစ်ပိုင်၌ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ အနည်းဆုံး ၄၅၀ ရှိကြောင်း ဒေသခံမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ 

နယူးဒေလီ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟီမာချယ်ပရာဒက်ရှ်(Himachal Pradesh)ပြည်နယ်  ဆိုလန်(Solan)ဒေသ၌ ဇူလိုင် ၁၄ ရက်က ဖြစ်ပွားသော အဆောက်အဦပြိုကျမှုတွင် သေဆုံးသူဦးရေသည် ၁၄ ဦး အထိ မြင့်တက်လာပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။ 

ဒက်ကာ၊ ဇူလိုင်လ ၁၆ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံ၏သုံးပုံတစ်ပုံဖြစ်သောခရိုင် ၁၈ ခု၌ ရေလွှမ်းမိုးမှုဖြစ်ပွားလျက်ရှိရာ လူ ၂၀ ဦးသေဆုံးခဲ့ရပြီး ရေလွှမ်းမိုးမှုဒဏ်ကို လူ ၅၀၀,၀၀၀ ခန့်ခံစားရလျက်ရှိကာ မိသားစုပေါင်းများစွာ အိုးအိမ်များစွန့်ခွာထွက်ပြေးခဲ့ကြရကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာန မှအရာရှိတစ်ဦးဖြစ်သည့် အမ်ဒီ အဘူဘာကာ(Md Abu Bakar) ကဇူလိုင်လ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ဂျာကာတာ ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ ဘာလီ ကျွန်း အနောက်တောင်ပိုင်း ပင်လယ်ပြင် တွင် ဇူလိုင် ၁၆ ရက် ၌ ပြင်းအား ၆.၀ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု နှင့် ပျက်ဆီး ဆုံးရှုံးမှု စာရင်း မထွက်ရှိသေးကြောင်း သိရှိရသည်။

အစ္စလာမ်မာဘတ်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) 

ပါကစ္စတန်နိုင်ငံဘက်က  ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၌မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာက ဇူလိုင် ၁၅ ရက် တွင် သတင်းဖော်ပြခဲ့သည်။ 

ဂျကာတာ ၊ ဇူလိုင် ၁၄ရက်(ဆင်ဟွာ) 

အင်ဒိုနီးရှားနိုင်ငံအရှေ့ မြောက်ပိုင်း Maluku ပြည်နယ်အတွင်းရှိ Halmaheraကျွန်း၌ ယနေ့(ဇူလိုင် ၁၄ရက်) ၁၇ နာရီ ၁၀ မိနစ်က ပြင်းအား ၇.၂ အဆင့်ရှိ အင်အားပြင်း ငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ၊ သို့ သော် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသ နှင့် ဘူမိရူပအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။ 

ပေကျင်း၊ ဇူလိုင် ၁၄ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ Moluccaကျွန်းအနီး၌ ယနေ့ (ဇူလိုင် ၁၄ ရက်) တွင် ပြင်းအား ၇.၃အဆင့်ရှိ အင်အားပြင်း ငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။(Xinhua)

နယူးဒေလီ ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံအရှေ့ မြောက်ပိုင်း အာသံပြည်နယ်၌ ရေကြီးရေလျှံမှုဖြစ်ပွားရာ အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး ၉ဝဝ,ဝဝဝ ခန့် ရေဘေးသင့်လျက်ရှိကြောင်း အစိုးရတာဝန်ရှိသူများက ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ခတ္တမန္ဒူ ၊ ဇူလိုင်လ ၁၃ ရက်(ဆင်ဟွာ)

နီပေါနိုင်ငံ၌ ဇူလိုင် ၁၁ ရက် ညပိုင်းမှစ၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် Balkhu မြစ်ရေကြီးပြီး ခတ္တမန္ဒူမြို့အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ခတ္တမန္ဒူ ၊ ဇူလိုင်လ ၁၃ ရက်(ဆင်ဟွာ)

နီပေါနိုင်ငံ၏တစ်ခုတည်းသော အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်သည့် ခတ္တမန္ဒူမြို့ရှိ ထရီပူဗန်နိုင်ငံတ ကာလေဆိပ်အား ဇူလိုင်လ ၁၂ ရက်ကရှစ်နာရီကြာ ပိတ်ထားခဲ့ရပြီးနောက် ညနေပိုင်းတွင်ပုံမှန်လေ ကြောင်းပျံသန်းမှုများ ပြန်လည်စတင်နိုင်ခဲ့ကြောင်းသိရသည်။