ပေကျင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Xinjiang Uygur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် Urumqi မြို့တွင် ကျင်းပခဲ့သည့် ငါးကြိမ်မြောက် တရုတ်-ဥရောပအာရှ ကုန်စည်ပြပွဲ အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈ဘီလီယံ တန်ဖိုးရှိသည့် စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။
ဟနွိုင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းရှိ Thanh Hoa ပြည်နယ်ရှိ ထိန်းသိမ်းရေး စင်တာ တစ်ခုဖြစ်သော ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် လုပ်ငန်းနေရာ တစ်ခု၌ သက်တမ်း နှစ်ပေါင်း ၂၀၀၀ မှ ၂၅၀၀ ခန့်ရှိ ဒေါင်ဆန်း မျိုးနွယ်စု၏...
ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်၌ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ထားပြီး ကျန်းမာရေးအခြေအနေသည် စိုးရိမ်ဖွယ်ရာမရှိကြောင်း မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက ပြောကြားသည်။
ဟိုချီမင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အထည်ချုပ်စက်ရုံတစ်ခု တွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားစုစုပေါင်း ၁၁၇ဦး H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း ပြည်တွင်းမီဒီယာ တစ်ခု က စက်တင်ဘာ ၂၆ရက်တွင် ဖော်ပြခဲ့သည်။
အစ္စလမ္မာဘတ် ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ) ပါကစ္စတန်လူမျိုး တာလီဘန်အကြမ်းဖက်အဖွဲ့၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ အေဇမ်တာရစ် (Azam Tariq) သည် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Paktika ပြည်နယ်အတွင်း သေဆုံးသွားပြီဟု ယုံကြည်ရကြောင်း အကြမ်းဖက်အဖွဲ့နှင့်ဆက်နွယ်မှုရှိသည့် သတင်းအရင်းအမြစ်များက စက်တင်ဘာလ ၂၅ ရက်တွင် အတည်ပြုပြောကြားသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၌ BRT Liteဘတ်စ်ကား များပြေးဆွဲနေသည့် ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ (Yangon Bus Public Company) ၏ အစုရှယ်ယာများရောင်းချ မည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်သော ရန်ကုန်ဘတ်စ် ကား အများပိုင်ကုမ္ပဏီ (YBPC) ၏ကြေညာ ချက်အရသိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ နောက်ဖေးလမ်းကြားများ ရှင်းလင်းပြီးပါက ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ၃၃မြို့နယ်ရှိ နောက်ဖေးလမ်းကြားများကို ဆက်လက်ရှင်းလင်းသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာနထံမှ သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၂၅ရက် (ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းမြို့တောင်ပိုင်းတွင် လေဆိပ်အသစ်ကြီးတစ်ခုကို ဆောက်လုပ်လျက်ရှိပြီး အဆိုပါလေဆိပ်ကြီးပြီးဆုံးသွားပါက ၎င်းသည် ကမ္ဘာ့အကြီးဆုံး လေဆိပ်ကြီးဖြစ်လာမည်ဖြစ်သည့်အပြင် တပြိုင်နက်မှာပင် လေဆိပ်အောက်ခြေ၌ မြန်နှုန်းမြင့်ရထားများကိုပါ ပြေးဆွဲသွားနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ မြေအောက် ရထားများပါ အသုံးပြုနိုင်မည့် Daxing လေဆိပ်၏ အဓိက ဝင်ပေါက်မှာ တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။ (Xinhua)
ကွေ့ရန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တောင်တန်းဒေသတစ်ခုဖြစ်သည့် ကွေ့ကျိုးပြည်နယ် တွင် တည်ဆောက်ထားသော ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ် အား စက်တင်ဘာ ၂၅ရက်တွင် စတင် အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။
ရှန်းကျန့်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းရှန်းကျန့်တွင် စက်တင်ဘာလ ၂၂ ရက်နေ့က ပထမဆုံးတရုတ်အမျိုးသားမျိုးဗီဇဘဏ်ကို ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ဘဏ်တွင် မျိုးဗီဇဆိုင်ရာအရင်းအမြစ်များ ကို ထိန်းသိမ်းပေးခြင်း၊ သုတေသနလုပ်ခြင်း နှင့် ပြန်လည်အသုံးပြုခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။ထိုဘဏ်တွင် အအေးခန်းပေါင်းများစွာကိုလည်းထည့်သွင်းထားပြီး တရုတ် ပြည်တွင်း၌ပင် ထုတ်လုပ်ထားသည့် မျိုးဗီဇများအားစီစဉ်ပေးနိုင်သည့်စက်ကိရိယာများဖြင့် မျိုးဗီဇနမူနာများကို...