ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေ ညီလာခံနှင့် တွဲလျက်ပြုလုပ်သည့် ရန်ပုံငွေ လှူဒါန်းခြင်းဆိုင်ရာ ကတိကဝတ် အစည်းအဝေးတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း ရန်ပုံငွေ အတွက် အဖွဲ့ဝင် နိုင်ငံ ၂၆ နိုင်ငံမှ အမေရိကန် ဒေါ်လာ ၁၅၁ သန်း...
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ကျောက်တံတားမြို့နယ်အတွင်း ကလေးသူငယ်များ ညှဉ်းပန်း နှိပ်စက်ခံရမှုနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ စောင့်ကြည့်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ မြို့ကိုးမြို့၌ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေခြင်းနှင့် ကုန်သွယ်မှု မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Trade Center များ တည်ဆောက်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ခွင့်ပြုရန် လျှောက်ထားသော ပုဂ္ဂလိက ကျောင်းပေါင်း ၅ဝ ကျော်ရှိပြီး ခွင့်ပြုနိုင်ရန် စစ်ဆေးရေး အဖွဲ့များက လိုက်လံ စစ်ဆေးနေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
အော့တဝါ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ကနေဒါနိုင်ငံ စက်တင်ဘာလ ၂၁ ရက်က ရောက်ရှိခဲ့ပြီး ၁၃ နှစ်တာအတွင်း တရုတ် ဝန်ကြီးချုပ် တစ်ဦး၏ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) မြန်မာ့အကောက်ခွန်အနေဖြင့် ပြီးခဲ့သည့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း ၅၁၄ ဘီလီယံ ကုန်သွယ်မှု အခွန်ရရှိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။
ပုဂံ ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ)ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ငလျင်ဒဏ်သင့် စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် တရုတ်နိုင်ငံ ရှေးဟောင်း အဆောက်အအုံ များ ပြု ပြင် ထိန်းသိမ်းရေး ကျွမ်းကျင် ပညာရှင် အဖွဲ့သည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁၉ ရက်မှ...
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) တစ်ဦးချင်း ကုန်သွယ်ခွင့်ကတ် ITC ဖြင့် ကုန်သွယ်မှု အများဆုံး ပြုလုပ်နေသည့် နယ်စပ် ကုန်သွယ်ရေး စခန်းမှာ တမူးနယ်စပ် ကုန်သွယ်ရေး စခန်းဖြစ်ပြီး ငွေကျပ်သန်း ၃ဝဝ ခန့် ကုန်သွယ် ခဲ့ကြောင်း ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန၏...
နယူးယောက်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီး လီခဲ့ချန်သည် အမေရိကန် ဘဏ္ဍာရေး၊ ထိပ်တန်း အကြံပေးအဖွဲ့နှင့် မီဒီယာ လုပ်ငန်းများမှ ခေါင်းဆောင်များနှင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ စက်တင်ဘာလ ၂၀ ရက်က တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဘုံ ကိစ္စရေးရာများအား ဆွေးနွေးခဲ့ကြောင်း...
ရီယို ဒီ ဂျနေရို၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံသည် ခြင်မှ ကူးစက်တတ်သည့် ဇီကာဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးအား နောက်နှစ်လအတွင်း လူသားများ၌ စတင်စမ်းသပ်ထိုးနှံပေးတော့မည်ဖြစ်ကြောင်း အဆိုပါသုတေသနလုပ်ငန်း ဦးဆောင်သူ တစ်ဦးက သတင်းထောက်များအား စက်တင်ဘာ ၂၁ ရက် တွင်ပြောကြားခဲ့သည်။