ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ မျိုးသုဉ်းလုနီးပါး ဖြစ်နေသည့် ကြံ့များကို ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် ကြံ့နှင့် ပတ်သက်သော အယူအဆ အမှားများ ကိုလည်း သိရှိနိုင်စေရန် ကမ္ဘာ့ကြံ့များနေ့ကို ရန်ကုန် တိရစ္ဆာန်ဥယျာဉ် ၌ စက်တင်ဘာ ၂၂ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း...
နယူးယောက်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)အမေရိကန်နိုင်ငံ နယူးယောက်တွင် ပြုလုပ်လျက်ရှိသည့် ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်လျက်ရှိသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ နှင့် “အခြားသော”BRICS နိုင်ငံခြားရေးဝန်ကြီးများသည် Waldorf Astoria Hotel တွင် ‘စက်တင်ဘာလ ၂၀ ရက်က’စားပွဲဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြသည်။(Xinhua)
နယူးယောက်၊ စက်တင်ဘာလ ၂၁ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်သည် အမေရိကန်ပြည်ထောင်စု နယူးယောက်တွင်ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂအထွေထွေညီလာခံ တွင် ရွှေ့ပြောင်းဒုက္ခသည်များ နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ အဆိုပြုချက်များကိုတင်သွင်းခဲ့သည်။ ဝန်ကြီးချုပ်လီသည် ကုလသမဂ္ဂအထွေထွေညီလာခံသို့မတက်ရောက်မီ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ (Xinhua)
နယူးယောက်၊ စက်တင်ဘာလ ၂၁ ရက် (ဆင်ဟွာ) ယခုလအစောပိုင်းက တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဟန်ကျိုးတွင် ကျင်းပခဲ့သည့် G20 ထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံမှ၂ဝ၃ဝပြည့်နှစ် ကုလသမဂ္ဂ၏ ရည်မှန်းချက်များတွင်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများနှင့်ပတ်သက်၍ဆွေးနွေးခဲ့မှုအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ချီးကျူးပြောဆိုခဲ့သည်။ (Xinhua)
နယူးယောက်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) အမေရိကန် ဗဟိုဘဏ်၏ စက်တင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်မည့် ကြေညာချက်အား ရင်းနှီးမြှုပ်နှံသူများက စောင့်ဆိုင်းနေသည့် အတွက်ကြောင့် အမေရိကန် ဒေါ်လာ ဈေးနှုန်းသည် အခြား နိုင်ငံခြား ငွေကြေးများနှင့် လဲလှယ်ရာတွင် မြင့်တက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၏ ရှေးဟောင်း အမွေအနှစ် များကို ထိန်းသိမ်း ကာကွယ်ရန်နှင့် လက်ရှိ ရန်ကုန်မြို့၏ ဖြစ်နိုင်ခြေ အလားအလာ များကို ပြုစုထားသည့် ရန်ကုန်မြို့ပြ အမွေအနှစ် မဟာဗျူဟာ Yangon Heritage Strategy ကို မကြာမီထုတ်ပြန် ပေးသွားမည်...
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံမှ ထုတ်လုပ်သော အလှကုန်အမှတ်တံဆိပ် သုံးမျိုးနှင့် ကိုရီးယားအလှကုန် တစ်မျိုး တို့သည် သုံးစွဲရန် မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံများ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး၊ မျှဝေ ခံစားရေးအတွက် အခွင့်အလမ်းနှင့် အနာဂတ် ခေါင်းစဉ်ဖြင့် ပဉ္စမအကြိမ် တရုတ်-ယူရေးရှားကုန်စည်ပြပွဲကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အုရုံမူချီမြို့၌ ကျင်းပလျက်ရှိသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံများ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး၊ မျှဝေ ခံစားရေးအတွက် အခွင့်အလမ်းနှင့် အနာဂတ် ခေါင်းစဉ်ဖြင့် ပဉ္စမအကြိမ် တရုတ်-ယူရေးရှားကုန်စည်ပြပွဲကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အုရုံမူချီမြို့၌ ကျင်းပလျက်ရှိသည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) အကြမ်းဖက်မှုများအားလုံး၏ အကြောင်းတရားများနှင့် ရှေ့ပြေး နိမိတ်များအား ကိုင်တွယ်ရန် ကျယ်ပြန့်သည့် အမျိုးသား လုပ်ငန်း အစီအစဉ်များအား နိုင်ငံတကာ အသိုင်းအဝိုင်းက လုပ်ဆောင်သင့်ကြောင်း ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေက စက်တင်ဘာလ ၂၀ ရက်က ပြောကြားခဲ့သည်။