ရန်ကုန်၊ ဧပြီ ၁ဝ ရက် (ဆင်ဟွာ) နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေကြရ သူများကို ဧပြီ လ ၉ ရက်နေ့ တွင် အမှုများမှ ရုပ်သိမ်းပေးခဲ့ကြောင်းသိရသည်။ နောက်ဆုံးရရှိထားသည့် သတင်းများအရ ပဲခူး၊ မကွေး၊ ရန်ကုန် နှင့် မန္တလေးတိုင်းဒေသတို့ရှိ အကျဉ်းထောင်များမှ အကျဉ်းကျခံနေရသူ...
မနီလာ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ ဧပြီလ ၈ ရက်က အစိုးရတပ်နှင့် အဘူ ဆာရပ်ဖ် (Abu Sayyaf) စစ်သွေးကြွ အဖွဲ့တို့အကြား သေနတ် အပြန်အလှန် ပစ်ခတ်မှုကြောင့် အစိုးရတပ်မှ စစ်သား ၁၈ ဦးနှင့် စစ်သွေးကြွ ၅...
ဟိုချိမင်းစီးတီး၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ဗီယက်နိုင်ငံ မြို့တော် ဟိုချီမင်းစီးတီးတွင် ပြေးဆွဲနေသည့် ဘတ်စ်ကားများပေါ်၌ စီမံခန့်ခွဲမှု၊ ညွှန်ကြားမှုနှင့် လုံခြုံမှုများ ပိုမိုကောင်းမွန်စေရန် စောင့်ကြည့် ကင်မရာများ တပ်ဆင်နေပြီ ဖြစ်ကြောင်း မြူနီစီပယ် ပို့ဆောင်ရေး ဋ္ဌာနက ဧပြီလ ၁၀ ရက်က ပြောသည်။
နယူးဒေလီ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတောင်ပိုင်း ကယ်ရာလာပြည်နယ်၊ ကိုလ်လမ်ခရိုင်၊ ပါရာဗာမြို့ရှိ နာမည်ကျော် Puttingal Devi ဘုရားကျောင်း၌ ဧပြီလ ၉ ရက်နံနက်အစောပိုင်းက မီးရှူးမီးပန်းပွဲတော် ပြုလုပ်ရာ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၀၀ ကျော် သေဆုံးကာ ၃၅၀ ခန့်...
ရန်ကုန်၊ဧပြီ၁၀ရက်(ဆင်ဟွာ) နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေကြရသူများအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ၄၉၄အရ ဧပြီ(၈)ရက်နေ့တွင် အမှုမှရုပ်သိမ်းပေးခဲ့သူ (၁၉၉)ဦး စာရင်းအား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။
ပေကျင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပညာရေး ဝန်ကြီးဋ္ဌာနနှင့် ပြည်သူ့ လုံခြုံရေး ဝန်ကြီးဋ္ဌာနတို့က နိုင်ငံ တစ်ဝန်းရှိ စာသင်ကျောင်းများ ဘေးကင်း လုံခြုံမှု အာမခံချက် ရှိစေရေးအတွက် စီမံချက် လုပ်ငန်းစဉ်များအား ဧပြီလ ၈ ရက်က ထုတ်ပြန်ခဲ့ သည်။
ပေကျင်း ၊ ဧပြီ ၉ ရက် ( ဆင်ဟွာ ) တရုတ်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေး အကြံပေး ယွီကျန့်ရှန်း ( Yu Zhengsheng ) က ပင်လယ်ရပ်ခြား တိုင်းတစ်ပါးသို့ ရောက်ရှိနေသော တရုတ်လူမျိုးများအား တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေး အစီအစဉ်များတွင် ပါဝင်ကြရန်...
မဲလ်ဘုန်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ မြောက်ဘက်တွင် လေယာဉ်ငယ် တစ်စီး ပျက်ကျမှုကြောင့် လူ နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာများအရ သိရသည်။
မက္ကဆီကို စီးတီး၊ ဧပြီ ၈ ရက် (ဆင်ဟွာ) မက္ကဆီကို ကျန်းမာရေး အာဏာပိုင်များသည် ဧပြီလ ၈ ရက်က တရားမဝင် Tequila အရက် လီတာပေါင်း တစ်သန်းကျော်ကို ဖမ်းဆီး ရမိခဲ့ပြီး အဆိုပါ အရက်များအား ကျန်းမာရေး စံညွှန်းများနှင့် မကိုက်ညီ၍ တိုင်ကြားခံ ထားရသည့်...
ကွီတို၊ ဧပြီ ၉ ရက် ( ဆင်ဟွာ ) ကမ္ဘာ တစ်ဝန်းရှိ ရေနံတင်ပို့ရောင်းချနေကြသည့် မိတ်ဖက် နိုင်ငံများအား ရေနံဈေး တည်ငြိမ်ရေး အတွက် ဝိုင်းဝန်း ထိန်းသိမ်းကြရန် လက်တင် အမေရိက ရေနံတူးဖော် ထုတ်လုပ်သည့် နိုင်ငံများက တိုက်တွန်း ပြောကြားလိုက်သည်။