Connect with us

Social, Education & Health

စာသင်ကျောင်းများ ဘေးကင်းလုံခြုံမှု အာမခံချက်ရှိရေး တရုတ် အာဏာပိုင်များ ကတိပြု

ပေကျင်းမြို့ရှိ မူလတန်းကျောင်း တစ်ခုတွင် စာသင်ကြားနေပုံအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပညာရေး ဝန်ကြီးဋ္ဌာနနှင့် ပြည်သူ့ လုံခြုံရေး ဝန်ကြီးဋ္ဌာနတို့က နိုင်ငံ တစ်ဝန်းရှိ စာသင်ကျောင်းများ ဘေးကင်း လုံခြုံမှု အာမခံချက် ရှိစေရေးအတွက် စီမံချက် လုပ်ငန်းစဉ်များအား ဧပြီလ ၈ ရက်က ထုတ်ပြန်ခဲ့ သည်။

နိုင်ငံတစ်ဝန်းရှိ ကျောင်းများ၌ ကျောင်းသားများအကြား လုံခြုံရေးဆိုင်ရာ အသိပညာပေးမှု မြှင့်တင်ရန်၊ အရေး ပေါ် အခြေအနေဆိုင်ရာ လေ့ကျင့်ရေး ပုံမှန် လုပ်ဆောင်ရန်နှင့် ဘေးအန္တရာယ် ဖြစ်နိုင်ခြေ အလားအလာများ အား စစ်ဆေးရန် လုံခြုံရေး တင်းကျပ်စွာ လုပ်ဆောင်ရန် စာသင်ကျောင်း လုံခြုံရေး ဆိုင်ရာ အမျိုးသားအဆင့် ညီလာခံ၌ တရုတ်နိုင်ငံ ပညာရေး ဝန်ကြီး ယွမ်ကွေ့ရန်က ပြောသည်။

မူကြို၊ မူလတန်းနှင့် အလယ်တန်း ကျောင်းများတွင် လုံခြုံရေး အစောင့်များ လုံလောက်စွာ ဖြည့်ဆည်း ပေးရန် နှင့် ကျောင်းဝင်းအတွင်းနှင့် ပတ်ဝန်းကျင် ဧရိယာများ၌ ကယ်ပေါက်များ (Loopholes) အား လုံခြုံရှင်း လင်းစွာ ရှိနေစေရန် ကျောင်း တာဝန်ရှိသူများ အနေဖြင့် စည်းရုံး လှုံ့ဆော်ရန် ယွမ်က ဖြည့်စွက် ပြောကြားခဲ့ သည်။

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီး ဟွမ်မင်းကလည်း စာသင်ကျောင်းနှင့် ဆက်စပ်သည့် မှုခင်းများ လျော့ ကျရေးနှင့် ကျောင်းကားများ လုံခြုံမှုရှိရေး တိုးမြှင့် စစ်ဆေးသွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့ သည်။ (Xinhua)