Connect with us

Latin America

မက္ကဆီကို နိုင်ငံတွင် တရားမဝင် Tequila အရက် လီတာပေါင်း တစ်သန်းကျော် ဖမ်းဆီးရမိ

မက္ကဆီကိုနိုင်ငံတွင် သောက်လေ့ရှိသည့် Tequila အရက်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

မက္ကဆီကို စီးတီး၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

မက္ကဆီကို ကျန်းမာရေး အာဏာပိုင်များသည် ဧပြီလ ၈ ရက်က တရားမဝင် Tequila အရက် လီတာပေါင်း တစ်သန်းကျော်ကို ဖမ်းဆီး ရမိခဲ့ပြီး အဆိုပါ အရက်များအား ကျန်းမာရေး စံညွှန်းများနှင့် မကိုက်ညီ၍ တိုင်ကြားခံ ထားရသည့် ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုက ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေး အာဏာပိုင်များ ၏ အကြီးမားဆုံး စစ်ဆေးမှု ဖြစ်သော သက်တမ်း သုံးနှစ်ကျော် ကြာပြီဖြစ်သည့် “Together against Illegality” ကမ်ပိန်း စီမံချက်ဖြင့် အာဏာပိုင်များသည် ဈေးကွက်ပေါ်တွင် ရောင်းချ နေသော တရားမဝင် ထုတ်လုပ်သည့် အဖျော်ယမကာများ လျော့ပါးစေရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကျန်မာရေး ဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ စစ်ဆေးမှုအား အနောက်ပိုင်း Jalisco ပြည်နယ်ရှိ Tequila Embajador ကုမ္ပဏီ အတွင်း၌ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရားမဝင် Tequila အရက်များ ကို စစ်ဆေး တွေ့ရှိပြီးနောက် Tequila အရက် ထုတ်လုပ်မှု အားလုံးကို ချက်ချင်း ရပ်ဆိုင်း စေခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် Tequila အရက်များသည် အဓိက အားဖြင့် El Embajador နှင့် El General တံဆိပ်များ ဖြစ်ပြီး ယင်း အရက် ၉၈၀,၃၉၉ လီတာ ကို စည်ကြီးများနှင့် တံဆိပ် မကပ်ထားသည့် ပုလင်းများ၌ လည်းကောင်း၊ အရက် ၃၄,၆၇၇ လီတာကို တံဆိပ် ကပ်နှိပ်ပြီး ပုံးများထဲတွင် ထည့်သွင်းပြီးလျက် လည်းကောင်း၊ ကျန်အရက် ၅၅,၀၀၀ လီတာကို ထုတ်လုပ်ဆဲ အဆင့် အနေဖြင့်လည်းကောင်း ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ကမ်ပိန်း စတင် ဆောင်ရွက်ကတည်းက စ၍ တရားမဝင် ထုတ်လုပ်သည့် အရက် လီတာပေါင်း ၄,၈၅၈,၀၀၀ လီတာ ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)