Connect with us

Europe

မဲလ်ဘုန်းမြို့ မြောက်ဘက်တွင် လေယာဉ်ပျက်ကျ ၂ ဦးသေဆုံး၊

၂၀၁၅ ခုနှစ်က သြစတြေးလျနိုင်ငံတွင် လေယာဉ် ပျက်ကျမှု ဖြစ်စဉ်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

မဲလ်ဘုန်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ မြောက်ဘက်တွင် လေယာဉ်ငယ် တစ်စီး ပျက်ကျမှုကြောင့် လူ နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာများအရ သိရသည်။

လေယာဉ်အား မထိန်းချုပ် နိုင်ခြင်းကြောင့် ဒေသစံတော်ချိန် နံနက် ၁၁း၃၀ နာရီဝန်းကျင်က Lancefield မြို့ရှိ လယ်ကွင်းထဲသို့ ထိုးဆင်းကာ ပေါက်ကွဲခဲ့ကြောင်း မျက်မြင် သက်သေများက ပြောသည်။

လေယာဉ်ပေါ်လိုက်ပါသွားသည့် အမျိုးသား နှစ်ဦးလုံး သေဆုံးသွားခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြား ခဲ့ပြီး ၎င်းတို့နှစ်ဦးမှာ မည်သူမည်ဝါ ဖြစ်သည်ကိုမူ မသိရသေးကြောင်းနှင့် မြေပြင်မှ မည်သူတစ်ဦး တစ်ယောက်မျှ ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

အဆိုပါ ပျက်ကျခဲ့သော လေယာဉ်ငယ်မှာ ဒေသစံတော်ချိန် နံနက် ၁၀း၃၀ နာရီတွင် ဆန်ဘူရီ လေဆိပ်မှ ထွက် ခွာလာခဲ့ခြင်း ဖြစ်သည်။

သြစတြေးလျ လေကြောင်း သွားလာမှု ဘေးကင်းလုံခြုံရေး ဗျူရိုနှင့် ဆက်စပ် အာဏာပိုင်များက လေယာဉ် ပျက်ကျမှု ဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117