ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ကျောက်တန်းမြို့နယ်၊ သီလဝါဆိပ်ကမ်း(MITT)ရှိ ကုန်သေတ္တာများအတွင်းမှ ပိတောက်သစ်ခွဲသားများ စုစုပေါင်းတန်ချိန် ၂၂၉.၁၉ တန်ခန့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။
ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံတွင် ပြင်းအား ၃.၄ ပမာဏရှိပြီး အနက် ဝ.၀ ကီကိုမီတာ ရှိသော ငလျင် တစ်ခု လှုပ်ခတ်ခဲ့သည်ဟု တရုတ်နိုင်ငံ ငလျင်လုပ်ငန်း CENC က ယနေ့ (စက်တင်ဘာလ ၂၃ ရက်) တွင် တိုင်းတာ...
နယူးဒေလီ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက လာမည့် ငါးနှစ်အတွင်း နိုင်ငံအတွင်းရှိ ဆင်းရဲသားတိုင်း နေအိမ် တစ်လုံးစီ ပိုင်ဆိုင်ရမည်ဟု ယနေ့ (စက်တင်ဘာလ ၂၃ ရက်) တွင် ကြေညာလိုက်သည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကျူးဘား နိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez Parrilla နှင့် စက်တင်ဘာလ ၂၂ ရက်တွင် တွေ့ဆုံကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် သဘောတူခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီ အစည်းအဝေးတွင် ယူ၁၃ ဘောလုံးပွဲတော်များ ဒေသတွင်း နှစ်စဉ်အကြိမ် အရေအတွက်များများ ကျင်းပပေးရေး၊ ဖီဖာ ကမ္ဘာ့ဖလား ယူ၁၇ နှင့် ယူ၂၀ ဘောလုံးပြိုင်ပွဲများအား အာဆီယံနိုင်ငံများ...
တီဟီရန်၊ စက်တင်ဘာ၂၃ ရက် (ဆင်ဟွာ) အီရန်နိုင်ငံက ကီလိုမီတာ ၂၀၀၀ အထိ ပစ်ခတ်နိုင်သော တိုက်ချင်းပစ် ဒုံးကျည် တစ်စင်းအား အောင်မြင်စွာ ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင် Press TV က ယနေ့ (စက်တင်ဘာလ ၂၃ ရက်) တွင် သတင်း ဖော်ပြခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ကျောက်သားများဖြင့် တည်ဆောက်ထားသော မနူဟာနန်း ဘုရားဂူမှာ သက်တမ်းကြာမြင့်လာပြီဖြစ်၍ ဂူ၏မြောက်ဘက်နှင့်အနောက်ဘက်တို့တွင် ပျက်စီးလာခြင်းကြောင့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ လမှစတင်၍ အဆိုပါအပျက်အစီးများအား ဂျာမနီနိုင်ငံက ပြုပြင်ပေး မည်ဖြစ်ကြောင်း သိရသည်။
စရီနာဂါ၊ ကက်ရှ်မီးယား၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် အင်အားအနည်းငယ်ရှိသော ငလျင် တစ်ခု ယနေ့ (စက်တင်ဘာလ ၂၃ ရက်) တွင် လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများ ပြောကြားချက်အရ သိရသည်။
ရန်ကုန် စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှု၌ ပါဝင်သူများ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂသို့ ပေးပို့မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ေ ဖာ်ဆောင်ရွက်ရေး အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။