နယူးဒေလီ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Jharkhand ပြည်နယ် ရှိ တရားမဝင် မီးရှူးမီးပန်းထုတ်လုပ်သည့် စက်ရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ဦးသေဆုံးပြီး အခြားလူ ၂၅ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက စက်တင်ဘာ ၂၅ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများ၌ လူနေအိမ်များ မီးလောင်မှု ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပြင်ဉီးလွင်ခရိုင် မတ္တရာမြို့နယ်တွင် တစ်ရက်အတွင်း တရား မဝင်ကျွန်း သစ်လုံးများနှင့် ပိတောက်ဓားရွေတုံး ၆တန်ကျော် ဖမ်းမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ) ကယားပြည်နယ်အတွင်းရှိ ခရီးသွား ဒေသများသို့ ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ ဝင်ရောက်မှုမှာ နှစ်စဉ် ပိုမို တိုးတက် ဝင်ရောက် လည်ပတ်လျက် ရှိပြီး ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ အထိ ပြည်တွင်း ၁၆၆၉၉ ဦး နှင့်...
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာ အနောက်မြောက်ဘက် မီတာ ၁၂၀၀ အကွာတွင် မြေကျင်း အတွင်းမှ စက်တင်ဘာလ ၂၄ ရက် နံနက် ၁၁ နာရီ ၅ မိနစ်က ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်းများတွေ့ရှိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက...
ဟေပေ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟေပေပြည်နယ်တွင် မြန်နှုန်းမြင့်ရထားလမ်း၏ ဧရာမ လမ်းဆက်ပိုင်းနှစ်ခုကို အပြန်အလှန်ချိတ်ဆက် ခဲ့သည်။ ဧရာမ လမ်းဆက်ပိုင်း တစ်ပိုင်းဆီ သည် အလေးချိန်အားဖြင့် ၅၆၁၃ တန်စီ်ရှိကြပြီး လမ်းဆက်ပိုင်း ၂ ခု အချင်းချင်း ၃၁ ဒီဂရီ လှည့်ပတ်ကာချိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့မှာ...
ဘာလင် ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံ ပြည်ထောင်စုပါလီမန်ရွေးကောက်ပွဲတွင် လက်ယာယိမ်း AfD (Alternative fuer Deutschland ) ပါတီသည် စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်း မဲအားလုံးရေတွက်ပြီးချိန်တွင် တရားဝင် ထုတ်ပြန်သော ရလဒ်များအရ ပထမဆုံးအကြိမ် အနိုင်ရလဒ်ဖြင့် လွှတ်တော်တက်ခွင့်ရခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အရှေ့အာရှ တွင် မြောက်ကိုရီးယားနိုင်ငံ၊ လက်တင်အမေရိကတွင် ဗင်နီးဇွဲလားနိုင်ငံ နှင့် အာဖရိကအလယ်ပိုင်းတွင် ချဒ်နိုင်ငံ မှ ခရီးသွားများအပေါ် ပြည်ဝင်ခွင့်အား စက်တင်ဘာ ၂၃ ရက်တွင် ပိတ်ပင်တားမြစ်ခဲ့ကြောင်း သိရသည်။
မော်စကို၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Deir al-Zour မြို့အနီး ရှိ IS စစ်သွေးကြွအုပ်စုက ပစ်ခတ်လိုက်သည့် ဒုံးကျည်ကြောင့် ရုရှားဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး ကျဆုံးသွားခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက စက်တင်ဘာ ၂၄ ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်း တစ်ခုအတွင်း စက်တင်ဘာလ ၂၄ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။