ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းနေခြင်းကြောင့် အမ်းမြို့နယ်ရှိ ရန်ကုန်-စစ်တွေ အဝေးပြေး ကားလမ်း ရေကျော်မှုကြောင့် လမ်းများပိတ်ဆို့နေပြီး ကုန်တင်ယာဉ် အစီးရေ ၁ဝဝ ကျော် ပိတ်မိနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အီဂျစ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ ) အီဂျစ်နိုင်ငံတွင် လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုကို ကာမိစေရန်အတွက် အသုံးပြု ပြီးသားဟင်းချက်ဆီများကို biodiesel ခေါ်ဇီဝဒီဇယ်ဆီ အဖြစ်ပြောင်းလဲနိုင်မည့် နည်းလမ်း ကို အီဂျစ်လူမျိုး အင်ဂျင်နီယာများက တီထွင် နိုင်ခဲ့ပြီဖြစ်သည်။ Tagaddod ဟု အမည်ပေးထားသည့် ပြန်လည်အသုံးပြုနိုင်မည့်စွမ်းအင်ဖေါ်ထုတ်ရေးလပ်ငန်းကို Nour...
ကျင်းတောင်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ပြေးဆွဲသမျှ သံလမ်းတစ်ခုတည်းသွား ချိတ်ဆွဲထားသော ကောင်းကင်ရထားများအနက် အမြန်ဆုံးဟုသတ်မှတ်နိုင်သည့်ရထား ကို CRRC Qingdao Sifang ကုမ္ပဏီက ထုတ်လုပ်လိုက်ပြီဖြစ်သည်။ အဆိုပါရထားမှာ အမြန်ဆုံး တစ်နာရီလျင် ၇ဝ ကီလိုမီတာ အထိပြေးဆွဲ သွားလာနိုင်မည်ဖြစ်ပြီး သံလမ်းတစ်ခု တည်းတွင်...
ချုံကျင်း၊ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံချုံကျင်းတွင် မှန်များဖြင့်တည်ဆောက်ထားသော အင်္ဂလိပ်အက္ခရာ U ပုံသဏ္ဍာန် မှန်တံတားကို စိတ်ဝင်တစားလာရောက်လည်ပတ်သူများပြားကြောင်းသိရသည်။အဆိုပါ မှန်တံတားမှာ တောင်စောင်းမှ ၂၆ မီတာ အကွာအထိတည်ရှိပြီး တောင်စောင်းကြားအနက်ပေ ၇၁၈ မီတာတွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။ (Xinhua)
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) စားသုံးရန်မသင့်သော အစားအသောက်များ နှင့် ပတ်သက်၍ အများပြည်သူစားသုံးရန် သင့်မသင့်အား စိစစ်လျက်ရှိရာ ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဝယ်ယူစစ်ဆေးရာ အစားအသောက် ၁၇ မျိုး သည် ခွင့်မပြုဆေးဝါးများ ပါရှိခြင်းကြောင့် စားသုံးရန်မသင့် ကြောင်း ကျန်းမာရေး နှင့်...
နေပြည်တော်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) အင်္ဂလိပ်ဘာသာဖြင့် ပြဌာန်းထားသည့် တည်ဆဲ ဥပဒေ ၁၃၇ ခုတို့ကို မြန်မာဘာသာသို့ ပြန်ဆို နိုင်ရန် စီစဉ်လျက် ရှိကြောင်း ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က ပြည်သူ့ လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဂျကာတာ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) လူ ၄၇ ဦးအား တင်ဆောင်လာသော စပိဘုတ် တစ်စီးမှာ အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း North Kalimantan ပြည်နယ် ရေပိုင်နက်အတွင်း ဇူလိုင်လ ၂၅ ရက်က နစ်မြုပ်ခဲ့ကြောင်း ကယ်ဆယ်ရေးရုံး အဆင့်မြင့် အရာရှိ တစ်ဦးက ပြောသည်။
နေပြည်တော်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီ၏ သတင်းထုတ်ပြန်ချက်အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း အရေးကြီးအဆိုကို ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးက ကန့်ကွက်သူ မရှိ အတည်ပြုခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ရာသီ တုပ်ကွေး ရောဂါပိုး ထပ်မံ တွေ့ရှိသူ နှစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ယနေ့ဇူလိုင် ၂၅ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
ကိုလံဘို၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၅၀၀၀ ဦးအထိရှိလာပြီး သေဆုံးသူ အရေအတွက်မှာ ၃၀၁ ဦး ရှိပြီဖြစ်ကြောင်း သီရိလင်္ကာ ကြက်ခြေနီအဖွဲ့က ဇူလိုင်လ ၂၅ ရက်က ပြောကြားခဲ့သည်။