ပေကျင်း၊ မတ် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ဇနီး ချန်းဟုန် တို့သည် သြစတြေးလျနိုင်ငံ နှင့် နယူးဇီလန်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် မတ်လ ၂၂ရက် နံနက်ပိုင်းတွင် ပေကျင်းမှထွက်ခွာခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့၌ ၂ဝ၁၇ ခုနှစ် မဟာသြင်္ကန်တွင် စီးပွားဖြစ် ရေကစားမဏ္ဍပ် ဆောက်လုပ် ခွင့်အတွက် စိစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ၂ဝ၁၇ ခုနှစ် မဟာသြင်္ကန်ပွဲတော် ကျင်းပရေး ၊ မဏ္ဍပ်နေရာချထားရေးနှင့် ကြံ့ခိုင်မှုစစ်ဆေးရေး လုပ်ငန်းကော်မတီမှ သိရသည်။
နိုင်ရိုဘီ၊ မတ် ၂၁ ရက် (ဆင်ဟွာ) တောင်ဆူဒန်နိုင်ငံရှိ Wau လေဆိပ်မှာ ဒေသစံတော်ချိန် ညနေ ၃း၃၀ နာရီ၌ ခရီးသည်တင် လေယာဉ် တစ်စင်း ပျက်ကျကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာတွင် ဒဏ်ရာရရှိသူ ၁၆ ဦးရှိခဲ့ပြီး သေဆုံးသူ အရေအတွက် မသိရှိရသေးကြောင်း ဂျူဘာရှိ ကုလသမဂ္ဂ...
ဝါရှင်တန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) သင့်၏ နှာခေါင်း ပုံစံကို သင်ကိုယ်တိုင် သဘောကျ နှစ်သက်မှု ရှိပါရဲ့လား။ အကယ်၍ နှစ်သက်မှုမရှိပါက မိဘမျိုးရိုးကြောင့် မဟုတ်ဘဲ နှာခေါင်းပုံစံများအပေါ် ရာသီဥတု ပြောင်းလဲမှုက သက်ရောက်မှု ရှိနေကြောင်း ပညာရှင်များက လေ့လာ တွေ့ရှိခဲ့ကြသည်။
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ဈေးကွက်များအတွင်း ရောင်းချလျက်ရှိသောအစားအသောက်များ ကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာ အစားအသောက် ၁၈ မျိုးသည် စားသုံးရန်မသင့်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန်ကြေညာသည်။
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) မောင်တောမြို့နယ်၌ ငွေကျပ် ၉၈၈ သိန်းတန်ဖိုးရှိ WY စာတမ်းပါ စိတ်ကြွဆေးပြား ၄၉၄၀၀ ပြား အားတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ယနေ့သတင်းထုတ်ပြန်သည်။
ဝါရှင်တန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်မြောက်ပိုင်းနိုင်ငံ ရှစ်နိုင်ငံမှ ပျံသန်းလာသော လေကြောင်းလိုင်းအချို့ တွင် ပါရှိလာသည့် ခရီးဆောင်အိတ်များအတွင်း လက်တော့ပ်နှင့် တက်ဘလက်များ ကဲ့သို့သော အီလက်ထရောနစ်ပစ္စည်းများ သယ်ဆောင်လာခြင်းကို ပိတ်ပင်လိုက်ကြောင်း ပြည်တွင်းမီဒီယာက ပြောပြခဲ့သည်။
နယူးယောက်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ပရဟိတသမားနှင့် အမေရိကန် ဘဏ်လုပ်ငန်းရှင် တစ်ဦး ဖြစ်သူ David Rockefeller သည် အသက် ၁၀၁ နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
အက်ဘစ်ဂျန် ၊ မတ် ၂၁ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ အစိုးရ မှ နိုင်ဂျာ နိုင်ငံ အရေးပေါ် လိုအပ်နေသော စားနပ်ရိက္ခာ အား ကူညီထောက်ပံ့သည့် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကို နိုင်ဂျာ နိုင်ငံ မြို့တော် တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး...
လန်ဒန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ကမ္ဘာသားများ အနေဖြင့် လပေါ်သို့ မရောက်ဖူးရင်တောင်မှ လ၏ မျက်နှာပြင်အား အနီးကပ် ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းမျိုးကို ယခု တစ်ပတ်အတွင်း ရရှိတော့မည်ဖြစ်သည်။