Connect with us

Social, Education & Health

တရုတ် နိုင်ငံ မှ နိုင်ဂျာ နိုင်ငံ လိုအပ်လျက်ရှိသော အရေးပေါ် စားနပ်ရိက္ခာ အတွက် ကူညီထောက်ပံ့

နိုင်ဂျာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ရန်လိကျင်း နှင့် နိုင်ဂျာ နိုင်ငံခြားရေး ဝန်ကြီး Ibrahim Yacouba တို့မှ လွှဲပြောင်းပေအပ်ခြင်း ဆိုင်ရာ လက်မှတ်ရေးထိုးနေစဉ်(ဓာတ်ပုံ-နိုင်ဂျာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး)

အက်ဘစ်ဂျန် ၊ မတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အစိုးရ မှ နိုင်ဂျာ နိုင်ငံ အရေးပေါ် လိုအပ်နေသော စားနပ်ရိက္ခာ အား ကူညီထောက်ပံ့သည့် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကို နိုင်ဂျာ နိုင်ငံ မြို့တော် တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး အခမ်းအနား သို့ နိုင်ဂျာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ရန်လိကျင်း နှင့် နိုင်ဂျာ နိုင်ငံခြားရေး ဝန်ကြီး Ibrahim Yacouba တို့မှ တက်ရောက်ခဲ့ကြကာ လွှဲပြောင်းပေးအပ်ခြင်းဆိုင်ရာ လက်မှတ်ရေး ထိုးခဲ့ကြကြောင်း သိရှိရသည်။

နိုင်ဂျာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ၏ ပြောကြားချက်အရ ယခုအကြိမ် ကူညီထောက်ပံ့မှု တွင် ဆန်တန်ချိန် ပေါင်း ၅၅၄၇ တန် ကို နိုင်ဂျာ နိုင်ငံ ရှိဒေသကြီး ၈ ခုသို့ပေးအပ်မည် ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၄ သိန်းတို့မှ အကျိုးခံစား ရနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

သံအမတ်ကြီး ရန်လိကျင်း က နိုင်ဂျာ နိုင်ငံ အစိုးရ မှ နိုင်ငံတကာ အသိုင်းအဝိုင်း သို့ အရေးပေါ် စားနပ်ရိက္ခာ ကူညီထောက်ပံ့မှု လိုအပ်ကြောင်း ပြောကြား ခဲ့ပြီး နောက်တွင် တရုတ် နိုင်ငံ အစိုးရ အနေဖြင့် အမြန်ဆုံး ပေးပို့နိုင်ရန် ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံ နက်ရှိုင်းသည့် ချစ်ကြည်ရေး တည်ရှိမှု ကိုပေါ်လွင်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဝန်ကြီး Yacouba က တရုတ် နိုင်ငံ သည် နိုင်ဂျာ နိုင်ငံ အား လျင်မြန်စွာ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ခဲ့သည့် အတွက် နိုင်ဂျာ နိုင်ငံ အစိုးရ အနေဖြင့် လွန်စွာ ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။

နိုင်ဂျာ နိုင်ငံ သည် Sahara သဲကန္တာရ တောင်ပိုင်းတွင် တည်ရှိပြီး ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ တစ်နိုင်ငံ လည်းဖြစ်သည်။ နိုင်ငံ လူဦးရေ သည် သန်း ၂၀ ခန့်သာရှိပြီး ကုလသမဂ္ဂ ၏ ၂၀၁၆ ခုနှစ်က စစ်တမ်းအရ နိုင်ဂျာ နိုင်ငံသား ၂.၁ သန်းခန့်သည် စားနပ်ရိက္ခာ မလုံခြုံမှု နှင့် အဟာရချို့တဲ့မှု တို့ကို ရင်ဆိုင်နေရကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.