နယူးဒေလီ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ် ၌ အောက်တိုဘာ ၅ရက်က မီနီဘတ်စ်ကား တစ်စီးသည် တောင်ပေါ်လမ်းတစ်ခုတွင် လမ်းချော်ကာ ချောက်ထဲပြုတ်ကျခဲ့၍ အနည်းဆုံး လူ ၉ဦး သေဆုံးခဲ့ပြီး အခြားလူ ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
တူးနစ်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) တူနီးရှားနိုင်ငံ သမ္မတ Beji Caid Essibsi သည် နိုင်ငံ၏အရေးပေါ်အခြေအနေအား အောက်တိုဘာ ၈ ရက်မှ စ၍ နောက်ထပ်တစ်လ တိုးမြှင့်သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သမ္မတရုံးက အောက်တိုဘာ ၅ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) မြန်မာ့ စီးပွားရေးကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်သစ်တွင် ၇.၄ ရာခိုင်နှုန်း တိုးတက်ရန် လျာထားကြောင်း အာဆီယံ+၃ မက်ခရို စီးပွားရေး သုတေသနရုံး(AMRO)၏ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ဆိုင်ရာ နှစ်ပတ်လည် ညှိနှိုင်း ဆွေးနွေးပွဲ အစီရင်ခံစာ အပေါ်...
နန်ချန်း၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း နန်ချန်းနှင့် ကန်ကျိုးတို့ကို ချိတ်ဆက်သွယ်တန်းမည့် မြန်နှုန်းမြင့်ရထားလမ်း တွင် အရှည် မီတာ ၅ဝဝ ရှိသံလမ်းကို မကြာသေးမီက ရထားသံလမ်းတပ်ဆင်စက်အသုံးပြုကာတပ်ဆင်ခဲ့သည်။ အဆိုပါ ရထားလမ်းတွင် တစ်နာရီလျင် ၃၅ဝ ကီလိုမီတာ အမြန်နှုန်းဖြင့် မြန်နှုန်းမြင့်ရထားပြေးဆွဲမည်ဖြစ်ပြီး ရထားလမ်း အရှည်အားဖြင့်...
ပေကျင်း၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တွင် အောက်တိုဘာလ၁ ရက်နေ့က ကျရောက်သည့်အမျိုးသားနေ့အထိမ်းအမှတ် အဖြစ် ရက်သတ္တပတ်ကြာ အားလပ်ရက်ကာလအတွင်း နိုင်ငံတဝှမ်းတွင် ပြည်သူများက တရုတ်နိုင်ငံ အလံများ ကိုင်ဆောင်ကာ အမျိုးသားနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများပျော်ရွှင်စွာဆင်နွှဲခဲ့ ကာ အနားယူခဲ့ကြသည့် မြင်ကွင်းများကို ဆင်ဟွာသတင်းဋ္ဌာနမှ စုစည်းတင်ဆက်ပါသည်။ (Xinhua)
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်း တင်ထားခြင်းမရှိသည့် အလှကုန်ပစ္စည်း(၄)မျိုးသည် ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန်မသင့်တော်ပါကြောင်း အသိပေးနှိုးဆော်ချက်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ယနေ့ထုတ်ပြန်သည်။
ပေကျင်း၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) မကြာမီကျင်းပတော့မယ့် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (China International Import Expo= CIIE) က ဂျာမနီနိုင်ငံမှ ကုမ္ပဏီများအတွက် အခွင့်အလမ်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ ဈေးကွက်ကိုဝင်ရောက်ရန် အရေးပါသော တံခါးပေါက်တစ်ခုဖြစ်တယ်လို့ ဂျာမနီနိုင်ငံ စက်မှုလက်မှုနှင့် စီးပွားကူးသန်း ကုန်သည်ကြီးများအသင်း...
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၉၂,၅၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၌ စနက်တံ ၂၀၀၀ ခု ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) လူထုဗဟိုပြု စီမံကိန်း၏ ဖွံ့ဖြိုးရေး အသီးအပွင့်များကို ကျေးရွာပေါင်း နှစ်သောင်းကျော်တို့က ရရှိခံစားနေနိုင်ပြီဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူက လူထု ဗဟိုပြုစီမံကိန်း ပဉ္စမနှစ် နှစ်ပတ်လည် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော ပြည်ထောင်စုအဆင့်...