ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတွင် တာဝန်ထမ်းဆောင်နေသည့် လုပ်ငန်းပြတ် အလုပ်သမားများ၏ လုပ်ငန်းချိန်အတွင်းတွင် ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း၊ နာတာရှည် ရောဂါစွဲကပ်ခြင်းနှင့် အလုပ်လုပ်နိုင်သော အင်အားများ ဆုံးရှုံးခြင်းများအတွက် လျော်ကြေးပေးအပ် ထောက်ပံ့နိုင်ရန် မူဝါဒတစ်ရပ်အား ၁၆-၃-၂၀၁၅ ရက်နေ့မှ စတင်ပြီး အကောင်အထည်ဖော်...
ရိုးမား ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) အီတလီ နိုင်ငံ နိုင်ငံတကာ ရေးရာ သုတေသန အေဂျင်စီ နှင့် အရှေ့တိုင်း နိုင်ငံတကာ အဖွဲ့အစည်း တို့ မှ ပူးပေါင်း၍ အောက်တိုဘာ ၁ ရက် နေ့ တွင် ရိုးမား မြို့...
ရန်ကုန် ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ) စစ်ကိုင်း တိုင်းဒေသကြီး ၊ ကသာမြို့နယ် ဆိပ်ငူဘိနယ်၊ ဒိုးပင်ကျေးရွာ၊ သက္ကယ်ကျင်းကျေးရွာနှင့် မိုးလုံးရွာ နှင့် အင်ကြား ရွာကြားများမှ တရားမဝင်သစ် တန် ၂၀ ကျော် ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တော ဦးစီးဌာန ထံမှ သိရသည်။
လျောင်နင်း၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရထားလမ်းကွန်ရက်အရှည်ဆုံးချိတ်ဆက်သွယ်တန်းထားရှိရာ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်နှုန်းမြင့်ရထားများစွာပြေးဆွဲလျက်ရှိသည့် နိုင်ငံတနိုင်ငံလည်းဖြစ်သည်။ မြန်နှုန်းမြင့်ရထားလမ်းများတွင် ရထားသံလမ်းများကို မီတာ ၅ဝဝ ခန့်အထိ ဆက်ကြောင်းမရှိဘဲ တစ်ဖြောင့်တည်းတပ်ဆင်လေ့ရှိသည်။ ထိုသို့ မီတာ ၅ဝဝ ခန့်အရှည်ရှိသည့်ရထားသံလမ်းများကို တရုတ်နိုင်ငံ လျောင်နင်းရှိ ရှန်းယန် ရထားလမ်း ထိမ်းသိမ်းရေးစင်တာတွင်...
ကျန်းရှီ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီပြည်နယ် ရှီအန်းတွင် အရှည် ၁၅၇၇ မီတာရှိသည့် ကြံ့ခိုင်မှု အားနည်းသည့် ကန်ကျန်းမြစ်ကူး တံတားကို ထိန်းချုပ်ဖောက်ခွဲသည့်နည်းစနစ်ဖြင့် စက္ကန့်ပိုင်းအတွင်းဖြိုချ ဖျက်ဆီးခဲ့သည်။ အဆိုပါ တံတားအား အသုံးပြုမှု ပိုမိုများပြားလာပါက ခံနိုင်ဝန်အား မမျှတမှု ဖြစ်ပေါ်လာနိုင်ပြီး လုံခြုံစိတ်ချရမှုမရှိမည်ဆိုး၍...
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၌ S&B 7.65 Br 13 MM( .32 Auto) ကျည် ၁၀၀ တောင့် ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
အစ္စတန်ဘူလ်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစိုးရရှေ့နေများသည် ငွေကြေးခဝါချမှု နှင့် ပတ်သက်သော ငွေကြေးလွှဲပြောင်းမှုများတွင် တရားမဝင် ပါဝင်သည့် လူ ၄၁၇ဦးကို ဖမ်းဆီးထိန်းသိမ်းရန် အောက်တိုဘာ ၂ ရက်တွင် ဖမ်းဝရမ်းထုတ်ပေးခဲ့ကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြခဲ့သည်။
ဆိုးလ်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ၂၀၀၇ ခုနှစ် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေး ၁၁ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ယခုရက်သတ္တပတ်ကုန်ပိုင်းတွင် ပူးတွဲကျင်းပရန် တောင်ကိုရီးယားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့က မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းသို့ သွားရောက်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂ ရက်တွင် ပြောကြားလိုက်သည်။
ဆစ်ဒနီ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ပါပူအာနယူးဂီနီနိုင်ငံတွင် ပိုလီယိုဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ကလေးငယ်တစ်ဦးသေဆုံးကြောင်း ဆေးဘက်ဆိုင်ရာ အာဏာပိုင်များက အတည်ပြုခဲ့ကြောင်း သိရသည်။