စတော့ဟုမ်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်အတွက် ဇီဝကမ္မဗေဒနှင့် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို သိပ္ပံပညာရှင် နှစ်ဦးက ပူးတွဲ ရရှိသွားခဲ့ကြောင်း နိုဘယ်ဆု ကျင်းပရေးကော်မတီက အောက်တိုဘာလ ၁ ရက်တွင် ကြေညာလိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ၁ ရက်(ဆင်ဟွာ) ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ တောင်ပိုင်းဒေသ တရုတ်စာပြဇာတ်ပြိုင်ပွဲကို စက်တင်ဘာလ ၃၀ ရက် က ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည်။ အဆိုပါ တရုတ်စာပြဇာတ်ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ အရှေ့တိုင်းဘာသာစကားနှင့်စီးပွားရေးစင်တာ ကွန်ဖြူးရှပ် စာသင်ကျောင်း ၊ ဖူရှင်း ကွန်ဖြူးရှပ်တရုတ်စာသင်ကျောင်း၊ ကျန့်ရို...
ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၆၉ နှစ်မြောက် အမျိုးသားနေ့ အလံတင်ပွဲအခမ်းအနားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြို့တော်ပေကျင်းရှိ ထျန်အန်းမင်ရင်ပြင်တွင် ကျင်းပခဲ့သည်။ (Xinhua)
ပေကျင်း၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) အောက်တိုဘာလ ၁ ရက်နေ့ ယနေ့တွင်ကျရောက်သော ၆၉ နှစ်မြောက် တရုတ်နိုင်ငံတည်ထောင်ခြင်း အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တရုတ်နိုင်ငံသားများက အလံတင်အခမ်းအနားများကို နိုင်ငံတဝန်းကျင်းပခဲ့ကြသည့်ပုံရိပ်များကို ဆင်ဟွာသတင်းဋ္ဌာနမှ စုစည်းတင်ဆက်ပါသည်။(Xinhua)
ဒါကာ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ဗိုလ်ချုပ် Susane Giti သည် မကြာသေးမီက ဗိုလ်မှူးချုပ်ရာထူးမှ ရာထူးတိုးလာခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တပ်တွင် အမြင့်ဆုံးရာထူးရရှိခဲ့သည့် ပထမဆုံး အမျိုးသမီးတစ်ဦးဖြစ်လာခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Himachal Pradesh ပြည်နယ်ရှိ ချောက်နက်ကြီးတစ်ခုအတွင်းသို့ ဘတ်စ်ကားတစ်စီး လမ်းချော်၍ ပြုတ်ကျခဲ့မှုကြောင်း အနည်းဆုံး လူ ၂ ဦးသေဆုံးကာ အခြားသူ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာလ ၁ ရက်တွင် ပြောကြားလိုက်သည်။
နေပြည်တော်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် အဆင့်အားလုံးတို့သည် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု တာဝန်ခံမှုပြုနိုင် သော တပ်ဖွဲ့ဝင်ကောင်းများ ဖြစ်အောင် ကြိုးပမ်းကြရန် နိုင်ငံတော် ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယနေ့ တိုက်တွန်း ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ ကွန်ပရက်ဆာဂက်စ်အိုးပေါက်ကွဲ၍ အမျိုးသား ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဂျာကာတာ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Sulawesi တွင် ဖြစ်ပွားခဲ့သော ငလျင်များ နှင့် ဆူနာမီရေလှိုင်းများကြောင့် သေဆုံးသူ ဦးရေသည် ၁,၂၀၃ဦးအထိ မြင့်တက်လာခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာန က အောက်တိုဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)
တီဟီရန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ တရားရုံးတစ်ခု က စီးပွားရေးဆိုင်ရာ အကျင့်ပျက်လုပ်ဆောင်မှုဖြင့် တရားခံ ၃ဦးအား သေဒဏ်ချမှတ်ခဲ့ကြောင်း Tehran Times သတင်းစာ က စက်တင်ဘာ ၃၀ ရက်တွင်ဖော်ပြခဲ့သည်။