ပါရီ ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နှင့် (FIFPro) ၊ ကမ္ဘာ့အကောင်းဆုံးဘောလုံးများသမဂ္ဂ တို့သည် ၂ဝ၁၈ ခုနှစ် ဖီဖာအကောင်းဆုံးဘောလုံးသမား ၁၁ ဦးအတွက် ဆန်ခါတင်စာရင်းဝင် ကစားသမား ၅၅ ဦး၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ) ပြည်ပသို့တရားဝင် အလုပ် သွားရောက် လုပ်ကိုင်သူ ၂၄,ဝဝဝ ကျော်နှင့် ပြည်တွင်း အလုပ် နေရာ ၂၄,ဝဝဝ ကျော်အား သြဂုတ်လ အတွင်း ခန့်ထား နိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ စင်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားသူများအနက်မှ (၄-၉-၂၀၁၈)ရက် နေ့အထိ လိုင်စင်စုစုပေါင်း (၁၆၂) ခု လိုင်စင် ထုတ်ပေးထားရှိပြီး ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) စတော့ ရှယ်ယာ ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူ ပိုမို များပြားလာစေရေး ရည်ရွယ်ချက်များ ပါဝင်သည့် YSX Expo 2018 အခမ်းအနားအား ရန်ကုန် စတော့အိတ်ချိန်းမှ ကြီးမှူး၍ စက်တင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့သည်။...
ပြုံးယမ်၊ စက်တင်ဘာ ၁ဝရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံတည်ထောင်ခြင်း နှစ် ၇ဝ ပြည့်အခမ်းအနားကို စက်တင်ဘာလ ၁ဝ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံ၏ မြို့တော် ပြုံးယမ် မြို့အလယ်ရှိ Kim II Sung ရင်ပြင်တွင်ကျင်းပခဲ့သည်။အခမ်းအနားသို့မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ်နှင့် အရာရှိကြီးများတက်ရောက်ခဲ့ကြသည်။ မြောက်ကိုရီးယားနိုင်ငံတည်ထောင်ခြင်း နှစ် ၇ဝ ပြည့်အခမ်းအနားတွင် ဒုံးကျည်များ၊ တင့်ကားများနှင့်...
ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် ရပ်ဝန်းနှင့်လမ်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ ကို မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းနှင့် တရုတ်နိုင်ငံ မကာအို-မြန်မာချစ်ကြည်ရေးအသင်းတို့ ပူးပေါင်း၍ ယနေ့(စက်တင်ဘာလ ၁၀ ရက်)နံနက်ပိုင်းတွင် ရန်ကုန်မြို့ဆူးလေ Shangrila Hotel တွင် ကျင်းပခဲ့သည်။
နေပြည်တော်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန်ပမာဏ ပိုမို တင်ပို့နိုင် ခဲ့ခြင်းကြောင့် ကုန်သွယ်မှု လိုငွေသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ လျော့ကျ ခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန...
နေပြည်တော်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်တွင် ပြည်တွင်း အခွန် ဦးစီးဌာနမှ ကောက်ခံရန် အခွန်ကြွေးကျန်များအနက် ၆၃ ရာခိုင်နှုန်းကျော်ကို ကောက်ခံရရှိခဲ့သည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကံ (China-Pakistan Economic Corridor= CPEC) တည်ဆောက်မှုပူးတွဲမြှင့်တင်ရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးရန် စက်တင်ဘာလ ၉ ရက်က ကတိပြုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ Kermadec ကျွန်းများတွင် စက်တင်ဘာလ ၁၀ ရက် ပေကျင်းစံတော်ချိန် နေ့လယ် ၁၂း၁၈ နာရီက ပြင်းအားပမာဏ ၇ ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်များစင်တာ (CENC) အရ သိရသည်။