ဘဂ္ဂဒက်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ တောင်ပိုင်း Basra မြို့ ရှိ အီရန်ကောင်စစ်ဝန်ရုံး အား ဆန္ဒပြသူများစွာ က ဝင်ရောက်စီးနင်းခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားချိန်တွင် အဆောက်အအုံအား မီးရှို့ခဲ့ကြောင်း ဒေသခံလုံခြုံရေးသတင်းရင်းမြစ် က စက်တင်ဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၄/၂၀၁၈)အစည်းအဝေးမှ အဆိုပြုလွှာ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ခွင့်ပြုမိန့်(၃)ခု နှင့် အတည်ပြုမိန့် (၃)ခု ခွင့်ပြုရန် ဆုံးဖြတ် ခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရေတာရှည်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ဆွာမြို့နယ်နှင့် ရေတာရှည်မြို့နယ် အနီးဝန်းကျင် ရေမြုပ်ဒေသ ပြန်လည် ထူထောင်ရေး လုပ်ငန်းများသည် ၁၀ ရက်အတွင်း ပိုမိုမြန်ဆန်လာပြီ ဖြစ်ကြောင်း လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ ဆိုင်ရာ...
ဝါရှင်တန် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲအောင်နိုင်ရေး လက်ထောက်ဟောင်း George Papadopoulos သည် အမေရိကန်ရွေးကောက်ပွဲတွင် ရုရှားနိုင်ငံက ဝင်ရောက်စွက်ဖက်ခဲ့သည်ဆိုခြင်းအပေါ် စုံစမ်းစစ်ဆေးမှုအတွင်း ပြည်ထောင်စုအစိုးရ စုံစမ်းစစ်ဆေးသူများအား လိမ်ညာထွက်ဆိုခဲ့သည့်အတွက် စက်တင်ဘာ ၇ ရက်တွင် ထောင်ဒဏ် ၁၄ ရက် ပြစ်ဒဏ်ချမှတ်ခံ ရကြောင်း...
ပေကျင်း ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကာဇက်စတန်နိုင်ငံ၌ စက်တင်ဘာ ၇ ရက်တွင် ကျင်းပသည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု ၅ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားဖွင့်ပွဲဖိုရမ်သို့ဗီဒီယိုတိတ်ခွေ ပေးပို့၍ ဂုဏ်ပြုစကား ဆိုခဲ့ကြောင်း သိရသည်။
တိုကျို၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ မြောက်ပိုင်း ဟိုကိုင်းဒိုးစီရင်စု တွင် စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် လူ ၁၆ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး လူ ၂၆ဦးခန့် ပျောက်ဆုံးနေကြောင်း အစိုးရ က စက်တင်ဘာ ၇...
အက်ဒ်မာ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) အီသီရိုးပီးယားနိုင်ငံအလယ်ပိုင်း Adama တွင် အီသီရိုးပီးယားနိုင်ငံ ၏ ပထမဆုံးလေစွမ်းအင်သုံးလျှပ်စစ်ဓါတ်အားထုတ်လုပ်သည့်စီမံကိန်းလုပ်ငန်းရှိသည်။ ၎င်း Adama wind farm မှာအာဖရိကတိုက်တွင် ဒုတိယအကြီးဆုံးလေအားလျှပ်စစ်ထုတ်လုပ်ရာနေရာလည်း ဖြစ်သည်။ ၎င်းကို တရုတ်နိုင်ငံစွမ်းအင်တည်ဆောက်ရေးအဖွဲ့နှင့် အီသီရိုးပီးယား နိုင်ငံစွမ်းအင်အဖွဲ့တို့ ပူးပေါင်းကာ တရုတ်နိုင်ငံ၏ နည်းပညာ၊ စက်ကိရိယာအထောက်အပံ့ပစ္စည်းများနှင့် ရင်းနှီးမြှုပ်နှံမှုတို့ဖြင့်...
နေပြည်တော် ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) မြန်မာ နိုင်ငံ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန နှင့် တရုတ်အမျိုးသားရေနံ ကော်ပိုရေးရှင်း (CNPC) တို့မှ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်း စီမံကိန်း ကုမ္ပဏီ (SEAOP) မှ...
ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ မြဝတီမြို့တွင် တရားမဝင်ငါးခိုးဖမ်းသည့်နေရာ နှင့် ရွှေတူးဖော်ရာတို့တွင်အသုံးပြုသည့် ဆိုဒီယမ်ဆိုင်ရာနိုဒ်၁,၀၀၀ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး ဆောမြို့နယ်၌ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုဖြစ်ပွား၍ ၃ ဦး သေ၊ ၁ ဦး ဒဏ်ရာရ၊ ၅ ဦး ပိတ်မိနေမှုုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။