Connect with us

Politics

မြန်မာ-တရုတ် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်း စီမံကိန်း မှ ၃ ထပ် ကျောင်းဆောင်သစ် ပေးအပ် လှူဒါန်း

အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်း စီမံကိန်း ကုမ္ပဏီ (SEAOP) မှ လှူဒါန်းသည့် ၃ ထပ် ကျောင်းဆောင်သစ် အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန နှင့် တရုတ်အမျိုးသားရေနံ ကော်ပိုရေးရှင်း (CNPC) တို့မှ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်း စီမံကိန်း ကုမ္ပဏီ (SEAOP) မှ နေပြည်တော် ကောင်စီနယ်မြေ ၊ ပျဉ်းမနားမြို့နယ် ၊ အမှတ်(၃) အခြေခံ ပညာ အထက်တန်းကျောင်း တွင် ဆောက်လုပ်လှူဒါန်း ခဲ့သည့် ၃ ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲ နှင့် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကို စက်တင်ဘာ ၇ ရက် နံနက်ပိုင်း အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

မြန်မာ နိုင်ငံ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင် ၊ နေပြည်တော်ကောင်စီ ၊ ပညာရေး တာဝန်ခံ ဦးတင်ထွန်း ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင် ၊ ပညာရေးဝန်ကြီးဌာန ၊ အခြေခံပညာညွှန်/ချုပ် ဦးကိုလေးဝင်း နှင့် အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်း စီမံကိန်း ကုမ္ပဏီ (SEAOP) ဥက္ကဋ္ဌ မစ္စတာ ကျန်းချန်(Mr.Zhang Qiang) တို့က ကျောင်းဆောင်သစ် အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာ နိုင်ငံ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင် ၊ မြန်မာ နိုင်ငံ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင် တို့ က ကျောင်းဆောင်သစ် ကမ္ပည်း ကျောက်စာတိုင်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

မြန်မာ နိုင်ငံ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင် က ဂုဏ်ပြုချီးမြင့်စကား ပြောကြားရာတွင် ၃ထပ် ကျောင်းဆောင်သစ် တွင် သိပ္ပံလက်တွေ့ခန်း ၊ ရသ ခန်း ၊ ဟောပြောခန်း နှင့် စာသင်ခန်း စသည် များပါဝင်သောကြောင့် ကျောင်းသား/သူ များ အဆင်ပြေစွာ စာသင်ကြားနိုင်မည် ဖြစ်သည့် အတွက် အထူးဝမ်းမြောက်မိကြောင်း ၊ မြန်မာ-တရုတ် ရေနံ နှင့် သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း အနေဖြင့် နိုင်ငံတော် အတွက် ဝင်ငွေများစွာ ရှာဖွေပေးနေသည့် စီမံကိန်း တစ်ခု ဖြစ်ပြီး ပိုက်လိုင်း ဖြတ်သန်းရာ ဒေသ တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၂၀၁၂ ခုနှစ် မှ စတင် ၍ CSR လုပ်ငန်းများ အဆက်မပြတ် ဆောင်ရွက်ပေးခဲ့ကြောင်း ၊ ၂၀၁၂ ခုနှစ် မှ ၂၀၁၇ ခုနှစ် အထိ ပညာရေး ကဏ္ဍ နှင့် ပတ်သက်၍ လုပ်ငန်းပေါင်း ၈၇ ခု ဆောင်ရွက်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၃.၉ သန်း ကျော် အသုံးပြုခဲ့ကြောင်း ၊ ကျန်းမာရေး ကဏ္ဍတွင် လုပ်ငန်း ၂၉ ခု ဖြင့် အမေရိကန် ဒေါ်လာ ၉၅၀,၀၀၀ ကျော် အသုံးပြု ခဲ့ကြောင်း ၊ အခြား ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကဏ္ဍအသီးသီး ကူညီထောက်ပံ့မှုများတွင် အမေရိကန် ဒေါ်လာ ၁၁.၆ သန်း ကျော် အသုံးပြုခဲ့ကြောင်း ၊ ၂၀၁၈ ခုနှစ် တွင်လည်း စီမံကိန်း ဖြတ်သန်းရာ ဒေသ တစ်လျှောက်တွင် CSR လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် သစ် သို့ တက်လှမ်းနိုင်ရန် ပညာရေး ကဏ္ဍ အား မြှင့်တင်ရန် နှင့် လူစွမ်းအား အရင်းအမြစ် မွေးထုတ်ပေးရန် အတွက် ခေတ်မီသည့် စာသင်ကျောင်းများ လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်း စီမံကိန်း ကုမ္ပဏီ (SEAOP) မှ လှူဒါန်းသည့် ၃ ထပ် ကျောင်းဆောင်သစ် အားစက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေး နေစဉ်(ဆင်ဟွာ)

SEAOP မှ လှူဒါန်းသည့် ၃ ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲ နှင့် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင် က ဂုဏ်ပြုချီးမြင့်စကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က ဂုဏ်ပြုချီးမြှင့်စကား ပြောကြား နေစဉ်(ဆင်ဟွာ)

အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်း စီမံကိန်း ကုမ္ပဏီ (SEAOP) ဥက္ကဋ္ဌ မစ္စတာ ကျန်းချန်(Mr.Zhang Qiang) က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

SEAOP ဥက္ကဋ္ဌ မစ္စတာ ကျန်းချန် မှ ကျောင်းဆောင်သစ် အား ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသင်း ထံသို့ လွှဲပြောင်း ပေးအပ် နေစဉ်(ဆင်ဟွာ)

SEAOP မှ လှူဒါန်းသည့် ၃ ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲ နှင့် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

SEAOP မှ လှူဒါန်းသည့် ၃ ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲ နှင့် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

SEAOP မှ လှူဒါန်းသည့် ၃ ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲ နှင့် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ နိုင်ငံ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က ဂုဏ်ပြုချီးမြှင့်စကား ပြောကြားရာတွင် အရှေ့တောင် အာရှ ရေနံစိမ်းပိုက်လိုင်း စီမံကိန်း ကုမ္ပဏီ မှ ယခု ကဲ့သို့ ကျောင်းဆောင်သစ် အား လှူဒါန်းပေးခဲ့သည့် အတွက် ပညာရေးဝန်ကြီး ဌာန ကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်း ၊ လတ်တလော နှစ်ပိုင်း အတွင်း ကျောင်းသား ဦးရေများ ပိုမို တိုးတက်များပြား လာပြီး ကျောင်းဆောင်များ မှာလည်း လိုအပ်ချက် ရှိလာခဲ့ကြောင်း ၊ လက်ရှိချိန်တွင် နှစ်စဉ် စာသင်ကျောင်းခန်းပေါင်း ၉ ထောင်ကျော် ဖြည့်စည်းရန် လိုအပ်နေကြောင်း ၊ ယခု လိုကျောင်းဆောင်သစ်များ လိုအပ်ချက် ရှိနေချိန်တွင် အရှေ့တောင် အာရှ ရေနံစိမ်းပိုက်လိုင်း စီမံကိန်း ကုမ္ပဏီ မှ လှူဒါန်းပေးခဲ့သည့် အတွက် လွန်စွာ ကြိုဆိုကြောင်း ပြောကြား ခဲ့သည်။

အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်း စီမံကိန်း ကုမ္ပဏီ (SEAOP) ဥက္ကဋ္ဌ မစ္စတာ ကျန်းချန် က မြန်မာ-တရုတ် ရေနံ နှင့် သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း စတင် အကောင်အထည် ဖော်ချိန် မှ စတင်၍ မြန်မာ နိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၄.၇ သန်း ခန့် အသုံးပြုခဲ့ကြောင်း ၊ ယခု ပျဉ်းမနားမြို့နယ် ၊ အမှတ်(၃) အခြေခံ ပညာ အထက်တန်းကျောင်း သို့ လှူဒါန်းသည့် ကျောင်းဆောင်သစ် သည် မြန်မာ နိုင်ငံ ပညာရေး ကဏ္ဍ ကူညီထောက်ပံ့မှုများ အနက် အတိုင်းအတာ အကြီးမားဆုံး တစ်ခု ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ လူပေါင်း ၆ သောင်း ခန့် ကို အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ၊ ထို့ပြင် SEAOP အနေဖြင့် မြန်မာ နိုင်ငံ ပညာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ကျပ်ငွေ ၃ သန်း ကိုလည်း ပညာသင်ထောက်ပံ့ကြေး အဖြစ် လှူဒါန်း ပေးသွားမည် ဖြစ်ကြောင်း ၊ အသစ် လှူဒါန်း လိုက်သော ကျောင်းဆောင်သစ် မှ မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ခေတ်မီ ပညာသက် လူစွမ်းအား အရင်းအမြစ် မွေးထုတ် ပေးနိုင်ပြီး တရုတ်-မြန်မာ ရိုးရာချစ်ကြည်ဆက်ဆံရေး အတွက် ပေါင်းကူးတံတား ဖြစ်စေလိုကြောင်း ပြောကြား ခဲ့သည်။

အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်း စီမံကိန်း ကုမ္ပဏီ (SEAOP) က ဆောက်လုပ်လှူဒါန်း ပေးခဲ့သည့် ၃ ထပ် ကျောင်းဆောင်သစ် မှာ အလျား ၂၁၀ ပေ ၊ အနံ ၃၀ ပေ နှင့် အမြင့် ၃၆ ပေ တည်ရှိကြောင်း ၊ ကျောင်းဆောင်သစ် စာသင်ခန်း တစ်ခန်း တွင် ကျောင်းသား ၅၀ ဦး ကောင်းမွန်စွာ ပညာသင်ကြား နိုင်ပြီး စာသင်းခန်းသုံး သင်ကြားရေး ပစ္စည်းများ နှင့် ပရိဘောဂ ပစ္စည်းများကိုလည်း ထည့်သွင်းလှူဒါန်းထားကြောင်း ၊ ကျောင်းဆောင်သစ် တွင် စာသင်ခန်းပေါင်း ၁၅ ခန်း ပါဝင်ပြီး ကျပ်ငွေ သိန်းပေါင်း ၃,၉၆၀ ကုန်ကျခံ၍ တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.