ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင်တည်ရှိသည့် သက်တမ်းနှစ်ပေါင်း ၂ဝဝ ရှိ အမျိုးသားပြတိုက်တွင် စက်တင်ဘာလ ၂ရက်နေ့ ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အမျိုးသားအမွေအနှစ်ပစ္စည်းပေါင်း သန်း ၂ဝ ခန့် ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် စက်တင်ဘာလ ၂ ရက်နေ့ ဒေသစံတော်ချိန် ည ၇...
ပေကျင်း၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းတွင် ကျင်းပလျက်ရှိသည့် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှု(FOCAC) ၂ဝ၁၈ ပေကျင်းထိပ်သီးအစည်းအဝေး သို့ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားပေါင်း ၂၆ဝဝ ကျော် တက်ရောက်သတင်းရယူခဲ့သည်။ အဆိုပါ ပွဲတွင် သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် အာဖရိကတိုက်နှင့်ပူးပေါင်းဆောင်ရွက်မှုထပ်မံတိုးမြှင့်မည်ဖြစ်ကြောင်းကြေညာမှုနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်းမှ သတင်းမီဒီယာများ၏ အမြင်များ မှတ်ချက်များကို ဆင်ဟွာသတင်းဋ္ဌာနမှ စုစည်းတင်ဆက်ပါသည်။ (Xinhua)
ကွမ်ရှီး၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ်တွင် လက်မှုပညာကျွမ်းကျင်သည့် အသက် ၆ဝ အရွယ် လက်သမားကြီးတစ်ဦးက ဝါးများကို ထွင်းထုဖြတ်တောက်ကာ ဝါးဒေါက်မြင့်ဖိနပ်များကို ပြုလုပ်ခဲ့သည်။chanel တံဆိပ်ဒေါက်ဖိနပ်ကို ဝါးဖြင့်အတုယူကာ ဖန်တီးထုတ်လုပ်သော ၎င်း၏ video မှာ တရုတ်လူမှုကွန်ရက်များပေါ်တွင် အလွန်စိတ်ဝင်စားမှုရရှိခဲ့သည်။(Xinhua)
ဗြူနိုအေးရိစ်၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံတွင်စီးပွားရေးအကြပ်အတည်းမှာ အရေးပေါ်အခြေအနေကျရောက်နေသောကြောင့် ဝန်ကြီးဋ္ဌာနများကို ထက်ဝက်ခန့်လျှော့ချမည်ဟု အာဂျင်တီးနားသမ္မတ Mauricio Macri က စက်တင်ဘာလ ၃ ရက်နေ့က ကြေငြာခဲ့သည်။ နိုင်ငံအတွင်း စီးပွားရေးကြပ်တည်းမှုအခြေအနေမှာ အရေးပေါ်အနေအထား ကျရောက်လျက်ရှိပြီဖြစ်သောကြောင့် မိမိအနေဖြင့် ထိုသို့ ဝန်ကြီးဋ္ဌာနများကို ထက်ဝက်ခန့် လျှော့ချ ခြင်းဖြစ်ကြောင်းသူကဆိုသည်။...
ရန်ကုန် ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း(China Foundation for Poverty Alleviation,CFPA) မြန်မာ နိုင်ငံ ရုံးခွဲ နှင့် စီမံကိန်း ဖော်ဆောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနား ကို စက်တင်ဘာ...
ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရ၏ အာဖရိကဒေသရေးရာ အထူးကိုယ်စားလှယ် Xu Jinghu က တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၂၀၁၈ ပေကျင်းထိပ်သီးအစည်းအဝေးနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကျင်းပလျက်ရှိသည့်မြင်ကွင်းအပြည့်အစုံကိုအောက်ပါလင့်ခ်မှ တစ်ဆင့်ကြည့်ရှှုနိုင်ပါသည်။(Xinhua)
ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တနသာၤရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ဘိန်းစာမှုန့် ၅.၀၄ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။
တိုကျို၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ၂၅ နှစ်အတွင်း အပြင်းထန်ဆုံးဖြစ်သော တိုင်ဖွန်းမုန်တိုင်း ဂျက်ဘီသည် ဂျပန်နိုင်ငံ အနောက်ပိုင်း ရှိ တိုကူရှီးမားစီရင်စု တောင်ပိုင်း သို့ စက်တင်ဘာ ၄ ရက် နေ့လည်ပိုင်းတွင် ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း မိုးလေဝသဌာန က စက်တင်ဘာ ၄ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) မြန်မာအမျိုးသမီး အိုလံပစ်အသင်း ပါဝင်ယှဉ်ပြိုင်မည့် (Women’s Olympic Football Tournament 2020 Asia Qualifiers Round 1) ၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ပထမအဆင့်အတွက် အုပ်စုနှင့် ပွဲစဉ်ဇယားထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ...
နယူးဒေလီ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ် တွင် စက်တင်ဘာ ၃ ရက်က ခရီးသည်တင်ယာဉ် တစ်စီး မြစ်ထဲပြုတ်ကျမှုကြောင့် လူ ၁၃ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။