အော့တဝါ ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံ New Brunswick ပြည်နယ်တွင် သြဂုတ် ၁ဝ ရက် နံနက်ပိုင်းက မတော်တဆသေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦးဆုံးသွားကြောင်း CTV ရုပ်မြင်သံကြားသတင်းအရ သိရသည်။
ဝူဟန်၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်ပြည်နယ်တွင် တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ်ဖြစ်သည့် ယန်ဇီမြစ်ကူးတံတားစီမံကိန်းကိုဆောက်လုပ်လျက်ရှိရာ အဓိကအပိုင်းမှာပြီးစီးပြီဖြစ်သည်။ ၇၅၄၈ မီတာ အရှည်ဆောက်လုပ်မည်ဖြစ်သည့် ကျင်းရှန်ယန်ဇီမြစ်ကူးတံတားမှာ ယန်ဇီမြစ်ကို ဖြတ်သန်းဆောက်လုပ်သည့် ၁၁ စင်းမြောက်တံတားလည်းဖြစ်သည်။တည်ဆောက်ပြီးစီးပါက မြစ်ကြောင်းဖြတ်ကူးသွားလာရသည့် အခက်အခဲများကို ပြေလည်စေမည့် တံတားတစ်စင်းလည်းဖြစ်သည်။ ၂ဝ၁၉ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများပြီးစီးနိုင်မည်ဟုသိရသည်။(Xinhua)
ကျဲ့ကျုံး၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဟိုင်နန်ပြည်နယ် ကျဲ့ကျုံးရှိ ရထားပြုပြင်ထိန်းသိမ်းရေးစင်တာတွင် နေ့စဉ်ရထားများကို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြုလုပ်လေ့ရှိသည်။ နွေရာသီတွင် ခရီးသွားသူပိုမိုများပြားသောကြောင့် ရထားအစင်းရေအများဆုံး ပြုပြင်ထိန်းသိမ်းရသည်။ ရထားပြုပြင်ထိန်းသိမ်းရေးစင်တာဝန်ထမ်းများမှာ ရထားများကိုသန့်ရှင်းရေးတင်မက ရထားများ၏ အင်ဂျင်ပိုင်းဆိုင်ရာ၊ စက်ပိုင်းဆိုင်ရာများကို စစ်ဆေးရသည့် အပြင် လဲလှယ်ရန်လိုအပ်သည့်အစိတ်အပိုင်းများကို လဲလှယ်ခြင်း၊ ပြုပြင်ခြင်းတို့ကို ပုံမှန်ဆောင်ရွက်ပေးရသည်။ ရထားများကို...
ဆီတယ် ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဝါရှင်တန် ရှိ Seattle လေဆိပ်၌ ခရီးသည်တင်လေယာဉ်တစ်စင်း ခွင့်ပြုချက်မဲ့ ပျံသန်းထွက်ခွာသွားပြီးနောက် လေဆိပ်၌ ရပ်ထားသော လေယာဉ်အားလုံးကို ထွက်ခွာခွင့်မပြုတော့ကြောင်း သိရသည်။ အခိုးခံရသော လေယာဉ်အား F-15 လေယာဉ်နှစ်စင်းဖြင့် လိုက်လံတားဆီးခဲ့ပြီး ယင်းလေယာဉ်ပေါ်တွင် ခရီးသည်များ လိုက်ပါလာခဲ့ခြင်း...
လန်ဒန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) အင်္ဂလန်နိုင်ငံ တောင်ပိုင်း Salisbury ရှိ စစ်ဘက်ဆိုင်ရာ အကြီးစားစက်ပစ္စည်းစက်ရုံတစ်ခုတွင် သြဂုတ်လ ၁၀ ရက်နှောင်းပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၁ ဦးသေဆုံးပြီး အခြားသူတစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဂါဇာ ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ဂါဇာ ဒေသ နယ်စပ် တွင် သြဂုတ်လ ၁၀ ရက် ၌ ပါလက်စတိုင်း လူမျိုး ထောင်နှင့်ချီ၍ ဆန္ဒပြမှု ပြုလုပ်ခဲ့ရာ အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွား ခဲ့ပြီး...
ဂျကာတာ ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒို နှင့် ၂ဝ၁၄ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွင်း ၎င်း၏အဓိကပြိုင်ဘက်ဖြစ်ခဲ့သူ အငြိမ်းစားဗိုလ်ချုပ်ကြီး ပရာဘိုဝိုဆူဗီယန်တို(Prabowo Subianto) တို့သည် လာမည့် ၂ဝ၁၉ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အင်ဒိုနီးရှားနိုင်ငံရွေးကောက်ပွဲကော်မရှင်ထံသို့သြဂုတ် ၁ဝ ရက်က သမ္မတလောင်းအဖြစ် အသီးသီးအမည်စာရင်းပေးသွင်း...
ရန်ကုန်၊ သြဂုတ် ၁၁ရက် (ဆင်ဟွာ) Myanmar Idol Season 3 တွင် နံပါတ် ၁၁ ဖြင့်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ချမ်းမြေ့မောင်ချို သည် Grand Final ပြိုင်ပွဲတွင် ကျန်းမာရေးအရ လာရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့်အတွက် နံပါတ် ၇ ပြိုင်ပွဲဝင် ဖြိုးမြတ်အောင်သည် Myanmar Idol Winner...
ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့်အညီ ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်မှစ၍ Myanmar Companies Online (MyCO) တွင် ကုမ္ပဏီများမှတ်ပုံတင်ရန်နှင့် တည်ဆဲကုမ္ပဏီများ ပြန်လည်မှတ်ပုံတင်ရန်လမ်းညွှန် ချက်အား ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် နောက်(၇၂)နာရီ အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။