နေပြည်တော်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် နိုင်ငံတကာမှ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ပါကြောင်း နေပြည်တော် M Gallery Hotel တွင် ယနေ့ နံနက် ကျင်းပသော PPP စနစ် Toll Road...
ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရထားလမ်းကူး ရေထုတ်ပြွန်နေရာ၌ အမှိုက်များပိတ်ဆို့မှုကြောင့် ဇော်ဂျီချောင်း အတွင်းသို့ ဝင်ရောက်သည့်ရေများ ပြည့်လျှံကာ ဈေးတန်း ရပ်ကွက်အတွင်း ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး နေအိမ် ၁၈ လုံး ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာတို့ တွေ့ဆုံပြီး မြန်မာ- ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
၁၅.၆.၂၀၁၈. တတိယပွဲ – ပွဲပြီးရလဒ် အုပ်စု ဘီ စပိန် ၃-၃ ပေါ်တူဂီ (၂၄’,၅၅’,၅၈’) (၄’, ၄၄’,၈၈’)
၁၅.၆.၂၀၁၈. ဒုတိယပွဲ- ပွဲပြီးရလဒ် အုပ်စု B အီရန် ၁-၀ မော်ရိုကို (၉၅’)
၁၅.၆.၂၀၁၈. ပထမပွဲ အုပ်စု က အီဂျစ် ဝ-၁ ဥရုဂွေး (၈၉’)
မော်စကို၊ ဇွန် ၁၄ရက် (ဆင်ဟွာ) ရုရှားသမ္မတ ဗလာဒီမာပူတင် က မော်စကိုမြို့တွင် ဇွန် ၁၄ရက်တွင် စတင်ကျင်းပသော ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွင်း ရုရှားနိုင်ငံ၌နေထိုင်သူ ဘောလုံးပရိသတ်များ၊ ကစားသမားများ နှင့် တာဝန်ရှိသူများ အနေဖြင့် အဆင်ပြေချော့မွေ့မှု ရှိမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) မိုးကုတ်မြို့အနောက်ပိုင်းကျပ်ပြင်ရပ်၊ ကသဲအုပ်စု၊ အောင်သစ်လွင်ရပ်ကွက်တွင် ယနေ့ နံနက် ၆နာရီခန့်တွင် မြေပြို၍ အိမ်(၁)လုံးအတွင်းရှိ လူ ၅ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောင်ဗလချောင်း၀ အငူမော်ကျေးရွာနှင့် ဒုံးပိုက်ကျေးရွာအကြား ပင်လယ်ကမ်းစပ်တွင် ဇွန် ၁၁တွေ့ရှိထားသော လူများကို စိစစ်ဆောင်ရွက်မှုများ ပြုလုပ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စနစ်တကျ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြတ်အေးကပြောကြားသည်။