ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို မေ ၁၆ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) ကယားပြည်နယ်သို့ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရေး အတွက် မေ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် လွိုင်ကော်မြို့၌ ကယား ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကွာလာလမ်ပူ ၊ မေ ၁၇ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံရဲတပ်ဖွဲ့က မေလ ၁၆ ရက် ညပိုင်းတွင် ဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ နေအိမ်အား ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ မေ ၁၇ ရက် (ဆင်ဟွာ) မြန်မာ့ ငါးလုပ်ငန်း ဦးစီးဌာနသည် ၂၀၁၇ -၁၈ ဘဏ္ဍာနှစ်အတွင်း ရေထွက်ပစ္စည်း ကန်ဒေါ်လာ ၇၁၀ သန်းကျော်ဖိုး တင်ပို့ရောင်းချနိုင်ခဲ့ကြောင်းစိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က မေ ၁၆ ရက်က အမျိုးသား လွှတ်တော်တွင် ဖြေကြားခဲ့သည်။
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) နိုင်ငံသားတိုင်းကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံအားကောင်းလာစေရန် Mobile Medical Team ဖြင့် ကျေးရွာများသို့ အလှည့်ကျ ကွင်းဆင်းဆောင်ရွက်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ဗန္ဓုလပန်းခြံလမ်း (အလယ်ဘလောက်)ရှိ ဆမ်ဆောင်းလျှပ်စစ် ပစ္စည်းနှင့် ဆားဗစ်စင်တာရှိ စတိုနှင့် အိမ်သာခန်းအပေါ်တွင် အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊မေ ၁၆ ရက် (ဆင်ဟွာ) အာဆီယံစီးပွားရေးဆုပေးပွဲ (ASEAN Business Awards 2018) အတွက် အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများအား လျှောက်လွှာတင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်နေပြီဖြစ်ကြောင်း ကုန်သည်စက်မှုှု အသင်းချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊အမှတ် ၂ ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်း (အလယ်ဘလောက်)ရှိ ဆမ်ဆောင်း ဆားဗစ်စင်တာသည် ယနေ့ နေ့လည် ၂နာရီ ၅၀မိနစ်တွင် မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဝူဖန်၊ မေ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ်ဖြစ်သည့် ယန်ဇီမြစ်ကို ဖြတ်သန်းဖောက်လုပ်ထားသော ကမ္ဘာ့ပထမဆုံးမြန်နှုန်းမြင့်ရထားလမ်းပါဝင်သည့် နှစ်ထပ် ကြိုးတံတား ၏ ပင်မတာဝါတိုင်များကို မေလ ၁၅ ရက်နေ့ က တည်ဆောက်ပြီးစီးခဲ့သည်။ တံတား၏ ပင်မ အရှည်မှာ ၁ဝ၉၅ မီတာရှိ ပြီး အပေါ်တွင်မော်တော်ယာဉ်များမောင်းနှင်သွားလာနိုင်ရန် ၈...
ရာမယ်လ်လာ၊ မေ ၁၆ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ မှ အမေရိကန်သံရုံးအား ဂျေရုဆလမ်မြို့သို့ အငြင်းပွားဖွယ် ပြောင်းရွှေ့မှု သည် အရှေ့အလယ်ပိုင်းဒေသအတွင်း မတည်ငြိမ်မှု နှင့် ပဋိပက္ခများ ပိုမိုဖြစ်ပွားမှုကို ဦးတည်လာစေမည်ဖြစ်ကြောင်း ပါလက်စတိုင်းလေ့လာဆန်းစစ်သူများ ကပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် သွေးထွက်သံယိုပဋိပက္ခများ ဖြစ်ပွားနေသည့်ကြားက ဂျေရုဆလမ်မြို့ ၌...