တီဟီရန် ၊ မေ ၁ ရက် (ဆင်ဟွာ) အီရန် နိုင်ငံ အစ္စလာမ္မစ် တော်လှန်ရေး တပ်ဖွဲ့ (IRGC) လက်ထောက်တပ်မှူး ဆလာမီ က အီရန် နိုင်ငံ အနေဖြင့် ပဲ့ထိန်းဒုံးကျည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း အား စွန့်လွှတ် မည် မဟုတ်ဟု ပြောကြား...
နယူးယောက်၊ မေ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများသည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ ရှာဖွေရန် ဘီလျံနာသူဌေးကြီး ဝါရန်ဘက်ဖက် (Warren Buffett) ၏ မွေးရပ်ဇာတိဖြစ်သော နီဗရက်စကပြည်နယ် အိုမာဟာမြို့တွင် မေလ ၄ ရက်၌ တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
ရှန်တုံ၊မေ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်တုံပြည်နယ် ကျိနန်တွင် မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်ပြိုင်ပွဲတစ်ရပ်ကိုကျင်းပခဲ့သည်။ မီးသတ်တပ်ဖွဲ့ဝင်များက ကြိုးများဖြင့်တိုက်အမြင့်ကိုအမြန်ဆုံးတွယ်တက်ခြင်း၊ ဘားတန်းကို အချိန်ကြာမြင့်စွာခိုခြင်း၊ မီးသတ်လုပ်ငန်းသုံးလှေခါးအားထမ်းကာ အမြန်ဆုံးပြေးခြင်းများကို ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်သည်။ ထိုသို့ယှဉ်ပြိုင်စေခြင်းအားဖြင့် မီးဘေးအန္တရာယ်ကြုံတွေ့ပါက လူအများကို ကယ်ဆယ်နိုင်စေရန်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်များကိုသိရှိနိုင်စေရန်ရည်ရွယ် ကျင်းပခြင်းဖြစ်သည်။(Xinhua)
ကျန်းကျိုး၊ မေ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်းဟီနန်ပြည်နယ် ကျန်းကျိုးလေကြောင်းပြပွဲတွင် ဗြိတိန်လေကြောင်းစတန့်အဖွဲ့ Wingwalkers က ဥရောပတိုက်၏ လူကြိုက်အများဆုံး ပျံသန်းနေသောအပျော်စီးလေယာဉ်များ၏တောင်ပံ ပေါ်တွင်လူလိုက်ပါကာစတန့်ပြသမှုများပြုလုပ်ခဲ့ရာ စိတ်ဝင်တစားလာရောက်ကြည့်ရှုသူများပြားခဲ့သည်။ ကျန်းကျိုးလေကြောင်းပြပွဲကိုဧပြီ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ ပြသပြီး ဆုချီးမြှင့်ပွဲကိုလည်း နှစ်စဉ်ကျင်းပမြဲအတိုင်းကျင်းပမည်ဖြစ်ကြောင်းသိရသည်။(Xinhua)
ချင်းတောင်၊ မေ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သည့် ချင်းတောင်မြို့တွင် ခရုခွံ ကမာခွံများပေါများစွာထွက်ရှိသည်။ အသက် ၅၉ နှစ်အရွယ် Ji Zhoutong ဆိုသူက ၎င်း၏ ဇာတိမြို့၏အထင်ကရပုံစံငယ်များကိုနှစ်ပေါင်း ၃ဝကျော်ကြာ ခရုခွံ ကမာခွံများကိုအသုံးပြုကာ လက်မှုအနုပညာအလှဆင်သူတစ်ဦးဖြစ်သည်။ ခရုခွံ ကမာခွံများဖြင့် မြို့၏ အထင်ကရအဆောက်အဦများကို လက်ရာသေသပ်လှပစွာဖြင့် အနုစိတ်ဖန်တီးထားသောကြောင့်...
နယူးဒေလီ၊ မေ ၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရာရှ်ထရာပြည်နယ်တွင် လူအုပ်အတွင်းသို့ အရှိန်လွန် ထရပ်ကားတစ်စီး ဝင်တိုက်မိခြင်းကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က မေလ ၁ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင် ရေပေါ်အမှတ်အသားနှင့် ကမ်းပေါ်အမှတ်အသားများကို လအလိုက် တပ်ဆင်ပေးလျက်ရှိ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရေလမ်း သတ်မှတ်ရေး)မှ သိရသည်။
ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ) ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မြောက် – အရှေ့မြောက်ဘက်သို့ အနည်းငယ် ရွေ့လျားခဲ့ပြီး နောက် (၄၈)နာရီအတွင်း မုတ္တမကွေ့နှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော မြစ်ဝကျွန်းပေါ်ဒေသများသို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းရကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ပနားမားစီးတီး ၊ မေ ၁ ရက် (ဆင်ဟွာ) ဒိုမီနီကန် နိုင်ငံ အစိုးရ က ဧပြီလ ၃၀ ရက်နေ့ ညပိုင်း အချိန်တွင် တရုတ် နိုင်ငံ နှင့် သံတမန် ဆက်ဆံရေး စတင် ထူထောင်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။
ဒါကာ၊ မေ ၁ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှိ နေရာဒေသများတွင် ဧပြီ ၃၀ရက်က မိုးကြိုးပစ်မှုများကြောင့် လူ ၁၄ဦးကျော် သေဆုံးခဲ့ကြောင်း သိရသည်။