ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ပါပူဝါနယူးဂီနီတွင် ယနေ့ (ဧပြီလ ၇ ရက်) ပေကျင်းစံတော်ချိန် နေ့လယ် ၁း၄၈ နာရီက ပြင်းအား ၆.၃ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်စင်တာ (CENC) အရ သိရသည်။
ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) မြန်မာ့ရိုးရာသြင်္ကန်ပွဲတော်ကာလအတွင်း ရထားစီးခရီးသည်များ ခရီးသွားလာမှု အဆင်ပြေစေရန်အတွက် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ပုံမှန်ပြေးဆွဲလျက်ရှိသော ရထားတွဲဆိုင်း များအပြင် သြင်္ကန်အထူးရထားတွဲဆိုင်းများ အား ဧပြီ ၁ဝ ရက်မှ စတင်ကာပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ၁၃၇၉ ခုနှစ် မြန်မာ့ရိုးရာမဟာသြင်္ကန်ပွဲတော်အတွင်း အများပြည်သူ အနားယူနိုင်စေရန်အတွက် ရန်ကုန်မြို့ ပြည်လမ်းဘေးရှိ အင်းလျားကန်ပေါင်၌ ထီးအလက် ငါးရာတပ်ဆင်ထားကြောင်း သိရသည်။
မိုဂါဒစ်ရှူး၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမြို့တွင် ဧပြီ ၆ ရက် က ပေါက်ကွဲမှု ၂ခု သီးခြားစီဖြစ်ပွားခဲ့ရာ စစ်သား ၂ဦးအပါအဝင် အနည်းဆုံး လူ ၆ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဂါဇာ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ နှင့် ဂါဇာကမ်းမြောင်တို့၏ နယ်စပ်ဒေသတွင် ပါလက်စတိုင်းဆန္ဒပြသူများ နှင့် အစ္စရေးစစ်သားများအကြား တစ်ရက်ကြာ ထိပ်တိုက်ရင်ဆိုင်မှုများ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် ဧပြီ ၆ရက်တွင် ပါလက်စတိုင်း ၈ဦးသေဆုံးပြီး အခြားလူ ၁,၀၇၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆေးကုသရေးအဖွဲ့များက ပြောကြားခဲ့သည်။
ပေကျင်း ၊ ဧပြီ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် ၏ ဖိတ်ကြားချက်အရ သြစတြီးယားနိုင်ငံသမ္မတ အလက်ဇန္ဒားဗန်ဒါဘယ်လန် (Alexander Van der Bellen)သည် တရုတ်နိုင်ငံသို့နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် လာရောက်လည်ပတ်မည်ဖြစ်ပြီး ဧပြီလ ၇ ရက် မှ ၁၃ ရက်အထိ ကျင်းပမည့် အာရှနှစ်ပတ်လည်ကွန်ဖရန် ၂ဝ၁၈ ခုနှစ်...
ဗလာဒီဗော့စတော့ ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ Primorsky ကမ်းခြေ ဒေသ Ussuriysk မြို့ ရှိ နေအိမ် တစ်လုံးသည် က ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်း အချိန်တွင် မီးလောင်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း...
ဘေရွတ် ၊ ဧပြီ ၇ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ၌ သွားရောက်တာဝန်ထမ်းဆောင်နေသော အထူးတပ်ဖွဲ့အမှတ် ၁၆ မှ တရုတ်ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင် ၄၁ဝ ဦးသည် အထူးတပ်ဖွဲ့အမှတ် ၁၇ သို့တာဝန်လွှဲပြောင်းထမ်းဆောင်ခြင်း မပြုမီ ဧပြီလ ၆ ရက်က ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေး ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ခံရကြောင်း သိရသည်။
ရန်ကုန် ၊ ဧပြီ ၆ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့အနီး ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၅)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွား ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
နယူးယောက်၊ ဧပြီ ၆ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ယနေ့ခေတ်တွင်ဖြစ်ပွားနေသည့်ပြဿနာများအား ပိတ်ဆို့ခြင်းနှင့် သီးသန့်နေထိုင်ခြင်းနည်းလမ်းများဖြင့်ဖြေရှင်း၍ရမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာကြီးတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် စီးပွားရေးဆိုင်ရာအခက်အခဲများကို တစ်ကမ္ဘာလုံးအနေဖြင့်ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ပြီး ထိုသို့ဖြေရှင်းရာတွင်ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံမှ ပါဝင်ဖြေရှင်းရမည်ဖြစ်ကြောင်းဂူတားရက်စ်ကဆိုသည်။မိမိအနေဖြင့် တရုတ်နိုင်ငံက တစ်နိုင်ငံတည်းသာလွန်ကောင်းမွန်စေရုံမကဘဲ အခြားဖွံ့ဖြိုးဆဲနိုင်ငံများနှင့်လည်းအကျိုးတူပူးပေါင်းဆောင်ရွက်ကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်(WTO)၏ရည်မှန်းချက်ဖြစ်သည့် ၂ဝ၃ဝ ရည်မှန်းချက်အစီအစဉ်အတိုင်းပူးပေါင်းဆာင်ရွက်ရန်ကတိပြုခြင်းအပေါ်ကို အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းပြောကြားခဲ့သည်။...