Connect with us

Social

မြန်မာ့ရိုးရာသြင်္ကန်ပွဲတော်ကာလအတွင်း သြင်္ကန်အထူးရထားတွဲဆိုင်းများပြေးဆွဲမည်

ရထားဘူတာ တွင် ခရီးသည်များ သွားလာနေကြစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

မြန်မာ့ရိုးရာသြင်္ကန်ပွဲတော်ကာလအတွင်း ရထားစီးခရီးသည်များ ခရီးသွားလာမှု အဆင်ပြေစေရန်အတွက် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ပုံမှန်ပြေးဆွဲလျက်ရှိသော ရထားတွဲဆိုင်း များအပြင် သြင်္ကန်အထူးရထားတွဲဆိုင်းများ အား ဧပြီ ၁ဝ ရက်မှ စတင်ကာပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သြင်္ကန်ရက်များအတွင်း ရထားတွဲဆိုင်းများပြေးဆွဲပေးမည့်ရက်များမှာ ဧပြီ ၁ဝ ရက်မှ ၁၃ ရက်အထိနှင့် ဧပြီ ၁၇ ရက်မှ ၁၈ ရက်ထိဖြစ်ပြီး ရန်ကုန်ဘူတာကြီးမှ ညနေ ၄ နာရီတွင် စတင် ထွက်ခွာမည့်အထူးရထားမှာ မန္တလေးဘူတာသို့ နောက်တစ်နေ့ နံနက် ၆ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ပြီး မန္တလေးဘူတာမှ ညနေ ၆ နာရီ ၁၅ မိနစ်တွင် ထွက်ခွာမည့် ရထားမှာ ရန်ကုန်ဘူတာကြီးသို့ နောက်နေ့နံနက် ၈ နာရီ ၂ဝ မီနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။ ပြေးဆွဲ ပေးမည့်ရက်များမှာ ဧပြီ ၁ဝ ရက်၊ ၁၂ ရက်၊၁၃ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်တို့ဖြစ်ပြီး ဧပြီ၁၁ ရက်ပြေးဆွဲမည့် ရထားတွဲဆိုင်းမှာ မန္တလေးဘူတာမှ နေပြည်တော်ဘူတာအထိ သာ ပြေးဆွဲမည် ဖြစ်သည်။

ရန်ကုန်-မန္တလေး အစုန်၊ အဆန်သြင်္ကန် အထူးရထားများအား တိုးကြောင်ကလေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်နှင့် သာစည်ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ပြီး ရထား လက်မှတ်ခနှုန်းထားများမှာ ခရီးစဉ် အစအဆုံး ရိုးရိုးတန်း ကျပ် ၄၆၅ဝ၊ အထက်တန်း ကျပ် ၉၃ဝဝ နှင့် အထက်တန်းအိပ်စင် ကျပ် ၁၂၇၅ဝ ဖြင့် ယခင်ကောက်ခံသည့် နှုန်းထားအတိုင်း ကောက်ခံသွားမည် ဖြစ်သည်။

လက်မှတ်ရောင်းချမှုအား အထက်တန်း သုံးရက်ကြိုတင်နှင့် ရိုးရိုးတန်း တစ်ရက်ကြိုတင်ရောင်းချပေးမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီး၌ အမှတ် (၅) အဆန် အမြန်ရထား ရိုးရိုးတန်းလက်မှတ်ကိုလည်း သုံးရက် ကြိုတင်ရောင်းချ ပေးမည်ဖြစ်ကာ ဧပြီ ၁၉ ရက်နှင့် ၂ဝ ရက်တို့တွင် စက်ခေါင်း နှင့်တွဲများကို အဆင်သင့်ထားရှိ ပြီး လိုအပ်ပါက အထူးရထားတွဲဆိုင်းများအား ထပ်မံ ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ဝန်ထမ်းအထူးရထားကိုလည်း ဧပြီ ၁၂ ရက် တွင် နေပြည်တော်-ရန်ကုန်ခရီးစဉ်နှင့် ဧပြီ ၁၇ ရက်တွင် ရန်ကုန်-နေပြည်တော်-မန္တလေး ခရီးစဉ်ဖြင့် ပြေးဆွဲပေးမည်ဖြစ်ပြီး ဧပြီ ၁၂ ရက်တွင် နေပြည်တော်ဘူတာမှ ည ၈ နာရီတွင် ထွက်ခွာ ပေးမည်ဖြစ်ကာ ရန်ကုန်ဘူတာကြီးသို့ နောက်နေ့နံနက် ၄ နာရီ ၅ဝ မိနစ်တွင် ဆိုက် ရောက်မည်ဖြစ်သည်။ ဧပြီ ၁၇ ရက်အတွက် ရန်ကုန်ဘူတာကြီး မှ ည ၈နာရီခွဲတွင် စတင်ထွက်ခွာပြီး နေပြည်တော်ဘူတာသို့ နောက် နေ့နံနက် ၅ နာရီ ၁၇ မိနစ်နှင့် မန္တလေးဘူတာသို့ နံနက် ၁ဝ နာရီ ၅၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။

RBEရထားတွဲဆိုင်းများအား ဧပြီ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင်လည်းကောင်း၊ ခရီးတိုပြေးဆွဲနေသည့် ရထားတွဲဆိုင်းများကို လည်း ဧပြီ ၁၃ ရက်၊ ၁၄ ရက်၊ ၁၅ ရက်နှင့်၁၆ ရက်တို့တွင်လည်းကောင်း ယာယီခေတ္တရပ်နားထားမည်ဖြစ်ပြီး အမှတ်(၅/၆) ရန်ကုန်-မန္တလေး၊ အမှတ်(၇/၈) ရန်ကုန်-နေပြည်တော်၊အမှတ်(၃၅/၃၆)ရန်ကုန်-မော်လမြိုင်၊ အမှတ်(၇၁/၇၂) ရန်ကုန်-ပြည်၊ အမှတ်(၆၁/၆၂) ရန်ကုန်-ပုဂံနှင့် အမှတ်(၃၇/၃၈) (၅၇/၅၈) မန္တလေး-မြစ်ကြီးနား အမြန်ရထားတွဲဆိုင်း များအားသြင်္ကန်ပွဲတော်ကာလ အတွင်း ဖြစ်သည့် ဧပြီ ၁၄ ရက်မှ ၁၆ ရက်အထိ ယာယီရပ်နားထားမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ပတ်ရထားများ ကိုလည်း ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ စုစုပေါင်း ၈၁ စီးဖြင့်သာ ပြေးဆွဲပေးမည် ဖြစ်ပြီး ကျန်ရထားများ ဖြစ်သည့် (က၊ ခ၊ ဂ၊ ဆ၊ ည၊ တ၊ ထ၊ ဒ၊ ပ၊ ဘ၊ ယ၊ လ၊ ဟ၊ အ၊ ကက၊ ခခ) ဆက်ရထားတွဲဆိုင်းများကိုလည်း ယာယီ ရပ်နားထားမည်ဖြစ်ကြောင်း ကြေးမုံသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.