Connect with us

Politics, Law & Military

သြစတြီးယားနိုင်ငံသမ္မတ အလက်ဇန္ဒားဗန်ဒါဘယ်လန်၏ ကိုယ်ရေးအကျဉ်း

သြစတြီးယား နိုင်ငံသမ္မတ အလက်ဇန္ဒားဗန်ဒါဘယ်လန် (Alexander Van der Bellen) အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် ၏ ဖိတ်ကြားချက်အရ သြစတြီးယားနိုင်ငံသမ္မတ အလက်ဇန္ဒားဗန်ဒါဘယ်လန် (Alexander Van der Bellen)သည် တရုတ်နိုင်ငံသို့နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် လာရောက်လည်ပတ်မည်ဖြစ်ပြီး ဧပြီလ ၇ ရက် မှ ၁၃ ရက်အထိ ကျင်းပမည့် အာရှနှစ်ပတ်လည်ကွန်ဖရန် ၂ဝ၁၈ ခုနှစ် Boao ဖိုရမ် သို့တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သြစတြီးယားနိုင်ငံသမ္မတ ဗန်ဒါဘယ်လန်၏ ကိုယ်ရေးရာဇာဝင်အကျဉ်းကို အောက်တွင် ရေးသားဖော်ပြလိုက်ရပါသည်။

ဗန်ဒါဘယ်လန်ကို ၁၉၄၄ ခုနှစ် ဇွန် ၁၈ ရက်တွင် ဗီယင်နာမြို့၌ မွေးဖွားခဲ့သည်။ ၎င်းသည် ၁၉၆၂ ခုနှစ်တွင် Innsbruck တက္ကသိုလ်သို့တက်ရောက်ခွင့်ရခဲ့ပြီး စီးပွားရေးဘာသာရပ်ကို သင်ယူခဲ့ရာ ၁၉၇ဝ ခုနှစ်တွင် ဒေါက်တာဘွဲ့ရခဲ့သည်။

ဗန်ဒါဘယ်လန်သည် ၁၉၈ဝ ခုနှစ် မှ ၂ဝဝ၉ ခုနှစ်အထိ ဗီယင်နာတက္ကသိုလ် စီးပွားရေးဘာသာရပ်ဌာန တွင် ပါမောက္ခတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်းသည် ၁၉၉၄ ခုနှစ် မှ ၂ဝ၁၂ ခုနှစ်အထိ သြစတြီးယားနိုင်ငံ အမျိုးသားကောင်စီတွင်အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၇ ခုနှစ် မှ ၂ဝဝ၈ ခုနှစ်အထိ သြစတြီးယားမြစိမ်းရောင်ပါတီတွင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည်။

၁၉၉၉ ခုနှစ် မှ ၂ဝဝ၈ ခုနှစ်အထိ အမျိုးသားကောင်စီတွင် မြစိမ်းရောင်ပါတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂ဝ၁၆ ခုနှစ် တွင် ဗန်ဒါဘယ်လန်သည် သြစတြီးယားနိုင်ငံသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပြီး ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် သမ္မတတာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။ ဗန်ဒါဘယ်လန်သည် အိမ်ထောင်သည်တစ်ဦးဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.