နယူးယောက် ၊ မတ် ၂၅ ရက်(ဆင်ဟွာ) အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း Southeast Indian Ridge (SEIR) ၌ မတ်လ ၂၄ ရက် ဂရင်းနစ်စံတော်ချိန် ၁၉:၅၈:၃၃ နာရီတွင် ပြင်းအား ၆.၃ ရစ်ချက်စတာစကေးရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးဌာနက ဆိုသည်။
ရန်ကုန်၊ မတ် ၂၄ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်က မတ်လ ၂၃ ရက်နေ့တွင် Myanmar Event Park ၌ ကျင်းပခဲ့သည့်၂၀၁၇ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင်““ရုပ်ရှင်သရုပ်ဆောင်များ၊ အနုပညာရှင်များအားလုံးကို မိမိတို့ိ့ တန်ဖိုးထားကြောင်း၊ဖျော်ဖြေရေးလောက ကို သိမ်မွေ့တဲ့အင်အားလို့မြင်ကြောင်း၊သိမ်မွေ့တဲ့ပညာကို သိမ်မွေ့တဲ့အင်အားဖြစ်အောင်သုံးစေချင်ကြောင်းအဖွင့် မိန့်ခွန်း ပြောကြားခဲ့သည်။...
ရှန်ဟိုင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ တွင် မောင်းသူမဲ့ မြေအောက်ရထားများ ပြေးဆွဲမည့် မြို့ပတ်ရထားလမ်းသစ်အား မတ်လကုန်တွင် စမ်းသပ်မောင်းနှင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း Shanghai Shentong Metro အုပ်စု က မတ် ၂၃ ရက်တွင်ကြေညာခဲ့သည်။
ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင်ငွေကျပ်သိန်းပေါင်း ၁၅,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) ယခုနှစ် ရန်ကုန်သြင်္ကန်တွင် ယခင်နှစ်များနှင့်မတူဘဲ လမ်းလျှောက် သြင်္ကန် ကျင်းပသွားမည်ဖြစ်ပြီး ရန်ကုန်မြို့လယ် အချက်အချာဖြစ်သည့် မြို့တော် ခန်းမအနီးတစ်ဝိုက်နှင့် ကမ်းနားလမ်းတစ်လျှောက် တွင် ကျင်းပနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
နယူးဒေလီ၊ မတ် ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် တွင် မတ် ၂၃ ရက်က ကုန်တင်ကားတစ်စီးသည် ခရီးသည်များ လိုက်ပါလာသော မော်တော်ယာဉ်တစ်စီးအား ဝင်တိုက်မိ၍ အနည်းဆုံး လူ ၁၀ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နေပြည်တော် ၊ မတ် ၂၄ ရက်(ဆင်ဟွာ) ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ် တင်မြှောက်လိုက်သည့် ဒုတိယ သမ္မတ ဦးဝင်းမြင့်၏ အမည်အား ပြည်ထောင်စု လွှတ်တော် နာယကထံ တင်ပြသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာခဲ့သည်။ တာမွေ မဲဆန္ဒနယ်မှ...
ဟွာဟင်၊ မတ် ၂၃ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဟွာဟင်တွင် နိုင်ငံတကာစွန်အလှပြပွဲတော်ကျင်းပလျက်ရှိပြီး အရောင်အသွေးစုံလင်လှပသည့် စွန်များစွာကိုလာရောက်လည်ပတ်ကြည့်ရှုသူများစွာရှိခဲ့ကြောင်းသိရသည်။ ထို နိုင်ငံတကာစွန်အလှပြပွဲတော်ကျင်းပသည့်မြင်ကွင်းအပြည့်အစုံကိုအောက်ပါလင့်ခ်မှ တစ်ဆင့်ကြည့်ရှုနိုင်ပါသည်။(Xinhua)