ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် မတ်လ ၂၄ရက်နေ့ ညနေ ၄နာရီကျော်၌ ကျပ်သိန်းပေါင်း ၁၉,၄၈၈ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးတွင် လာမည့်ဧပြီလတွင် နေလမ်းကြောင်းတည့်မတ်ချိန်ဖြစ်သည့်အတွက် ပုံမှန်အပူချိန်ထက် ပိုပူနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မာပူတို၊ မတ် ၂၅ ရက် (ဆင်ဟွာ) မိုဇမ်ဘစ်နိုင်ငံ မြောက်ဘက်စွန်း Cabo Delgado ပြည်နယ် Mocimboa da Praia ဆိပ်ကမ်းမြို့တွင် ဆူပူအုံကြွသူများနှင့် ဆက်သွယ်မှုရှိကြောင်း စွပ်စွဲခံရသူ ၂၉ ဦးအား မတ်လ ၂၄ ရက်က နမ်ပူလာပြည်နယ် ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင်သာရှိသော ဒေသရင်းဖွားလိပ်မျိုးစိတ်သည် လက်ရှိတွင် ၁၁မျိုးအထိ ရှိလာကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘဂ္ဂဒက် ၊ မတ်လ ၂၅ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ Kirkuk ပြည်နယ် နှင့် Diyala ပြည်နယ်တွင် မတ်လ ၂၄ ရက်က IS အစွန်းရောက်များ၏ တိုက်ခိုက်မှုကြောင့် လူ ၉ ဦးသေဆုံးခဲ့သည်ဟု အီရတ်အရာရှိတစ်ဦးက ဆိုသည်။
ကီဒို ၊ မတ်လ ၂၅ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံ အနောက်ဘက်ရှိ ပင်လယ်ကမ်းရိုးတန်းပြည်နယ်တစ်ခုဖြစ်သည့် Manabi ပြည်နယ်တွင် မတ်လ ၂၄ ရက်က ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၂ ဦး ရှိပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မတ် ၂၄ရက် နေ့လည် ၁၂နာရီခွဲတွင် ဒေသန္တရလက်လုပ်မိုင်းဟောင်း (သက်မဲ့)တစ်လုံးတွေ့ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းဘေး သဲသောင်ပြင်တွင် ချင်းတွင်းသြင်္ကန်ကာလအတွင်း ရေကစားကြမည့် ပြည်သူများ ရေနှင့်ပတ်သက်သည့် အန္တရာယ်မဖြစ်ပွားစေရေးအတွက် လုံခြုံရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်ဆိပ်ကမ်း (သီလဝါဒေသ) တွင် ဆိပ်ခံတံတားများ တည်ဆောက်ရန် မြေကွက်ရယူထားသော လုပ်ငန်းစတင်ရန် ဆောင်ရွက်ဆဲ၊ လုပ်ငန်းများ လုပ်ဆောင်နေဆဲကုမ္ပဏီများအနေဖြင့် ဆိပ်ခံတံတားများ အမြန်ဆုံးတည်ဆောက် ဖွင့်လှစ်သွားရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က တိုက်တွန်းပြောကြားခဲ့သည်။
ဒမတ်စကပ်စ်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်မြို့ အရှေ့ဘက် ဂိုတာဒေသ၌ သူပုန်များမှ ပြန်ပေးဆွဲထားသူ ၈ ဦးသည် သဘောတူညီချက် တစ်ခုအရ မတ် ၂၄ ရက်က လွတ်မြောက်သွားကြောင်း ယင်းနေရာသို့ ရောက်ရှိနေသည့် ဆင်ဟွာသတင်းထောက်က ပြောသည်။