ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ဘရူနိုင်းဘုရင့်ဖလားဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုများထွက်ပေါ် လာ ပြီဖြစ်ပြီး မြန်မာအသင်းသည် နာမည်ကြီး ထိုင်း၊ အိမ်ရှင် ဘရူနိုင်းအသင်းတို့နှင့် တစ်အုပ်စုတည်းတွင် ကျရောက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
တိုကျို၊ မတ် ၂၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တောင်ပိုင်း တိုဟိုကုဒေသ ရှိ မီရာဂီဟီ စီရင်စု ၏ ပစိဖိတ်ကမ်းရိုးတန်း အလွန်တွင် ကနဦးတိုင်းတာချက် အရ အင်အား ၅.၁ ပမာဏရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသဋ္ဌာနက မတ် ၂၃ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင် ရခိုင် ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်း (NEP)အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာ ၂၁၉ ရွာတွင် ဆိုလာစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်ဝါးတားဘတ်စ် (Yangon Water Bus)၏ ဒုတိယပတ်မြောက် ရေလယ် ကျောက်တန်း ဘုရားဖူးခရီးစဉ်ပြေးဆွဲမှုတွင် ခရီးသည် ၁၉ဝ အတွက် ဝန်ဆောင်မှုပေး သွားမည်ဖြစ်ကြောင်း တင့်တင့်မြန်မာကုမ္ပဏီ မှ သိရသည်။
ပေကျင်း ၊ မတ် ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန် တို့သည် မတ်လ ၂၂ ရက်က ဖုန်းဖြင့်ဆက်သွယ်၍ ပွင့်လင်းကမ္ဘာ့ကုန်သွယ်ရေးစနစ်တည်ဆောက်ရန် ကဏ္ဍစုံမြှင့်တင်ရေး နှင့် နှစ်နိုင်ငံဆက်ဆံရေး နက်ရှိုင်းစွာ ပူးတွဲအကောင်အထည်ဖော်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နေပြည်တော် ၊ မတ် ၂၃ ရက်(ဆင်ဟွာ)
ဆန်ဖရန်စစ္စကို ၊ မတ် ၂၂ ရက်(ဆင်ဟွာ) ဖေ့ဘွတ်ခ်(Facebook) လူမှုကွန်ရက်၏ အမှုဆောင်အရာရှိချုပ် မက်ခ်ဇူကာဘတ်(Mark Zuckerberg) က နိုင်ငံရေးရည်မှန်ချက်များအတွက် Facebook အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အလွဲသုံးစားပြုမှုများ ရှိခဲ့သည်ဆိုသည့် သတင်းပေါက်ကြားမှုတွင် ကုမ္ပဏီအနေဖြင့် အမှားအယွင်းပြုလုပ်ခဲ့မှုများ ရှိကြောင်း မတ်လ ၂၁ ရက်တွင် ဝန်ခံပြောကြားလိုက်သည်။ ၂ဝ၁၆...
နေပြည်တော်၊ မတ် ၂၂ ရက် (ဆင်ဟွာ) ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး (၃၁)ရက်မြောက်နေ့ အစည်းအဝေးတွင် ယနေ့ ရွေးချယ် တင်မြှောက်ခံရသော ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်တို့သည် ပြည်သူ့လွှတ်တော် သဘာပတိ ဦးခင်မောင်ဝင်းရှေ့မှောက်တွင် ကတိသစ္စာပြု လက်မှတ်ရေးထိုးခဲ့ကြသည်။ ကွက်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်သည် ထောက်ခံမဲ...
ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၌ ထော်လာဂျီယာဉ် တိမ်းမှောက်မှုကြောင့် ၃ ဦး သေ၊ ၁၃ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
မေးလ်၊ မတ် ၂၂ ရက် (ဆင်ဟွာ) မော်လ်ဒိုက်နိုင်ငံတွင် ၄၅ ရက်တာ ကြာမြင့်ခဲ့သည့် အရေးပေါ်အခြေအနေအား မတ်လ ၂၂ ရက်၌ အဆုံးသတ်လိုက်ပြီဖြစ်ကြောင်းနှင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သမ္မတရုံးမှ ထုတ်ပြန်သည့် ကြေညာချက်တွင် သမ္မတ Abdulla Yameen က ပြောကြားလိုက်သည်။