Connect with us

North America

အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်း၌ ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်လှုပ်

ငလျင်ဗဟိုချက်ပြ မြေပုံအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးယောက် ၊ မတ် ၂၅ ရက်(ဆင်ဟွာ)

အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း Southeast Indian Ridge (SEIR) ၌ မတ်လ ၂၄ ရက် ဂရင်းနစ်စံတော်ချိန် ၁၉:၅၈:၃၃ နာရီတွင် ပြင်းအား ၆.၃ ရစ်ချက်စတာစကေးရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးဌာနက ဆိုသည်။

၎င်းငလျင်သည် ပင်လယ်ရေအောက် ၁ဝ.ဝ ကီလိုမီတာကို ဗဟိုပြု၍ တောင်လတ္တီကျူ့၄၅.၈၂၉၉ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျူ့ ၉၆.၀၉၉ ဒီဂရီအကြားတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကနဦးတိုင်းတာချက်များအရ သိရသည်။(Xinhua)