ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ဘိန်းဖြူများဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးရာမှ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၀၇၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးသုံးစွဲမှုထိန်းချုပ်ရေး ဗဟိုကော်မတီ က ယနေ့သတင်းထုတ်ပြန်သည်။
ဂျီနီဗာ ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ၏ ၄၂ ကြိမ်မြောက် အစည်းအဝေး အား စက်တင်ဘာ ၁၂ ရက် တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်ခြင်း နှင့် လူ့အခွင့်အရေး...
ရန်ကုန်၊စက်တင်ဘာ ၁၃ (ဆင်ဟွာ) ယနေ့ယှဉ်ပြိုင်ကစားခဲ့သော( Myanmar Internaltional Series 2019) ကြက်တောင်ရိုက်ပြိုင်ပွဲ၏ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်ပွဲ စဉ်တွင် မြန်မာကစားသမား သက်ထားသူဇာက ပြိုင်ဘက် အိန္ဒိယကစားသမားအား ၂ ပွဲ ၁ ပွဲဖြင့်အနိုင် ယူ၍ ဆီမီးဖိုင်နယ်သို့တက်ရောက် သွားကြောင်းသိရသည်(Xinhua)
နယူးဒေလီ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း မတ်ဒယာပရာဒက်ရှ်ပြည်နယ်တွင် လှေတိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း စက်တင်ဘာလ ၁၃ ရက် သတင်းများအရ သိရသည်။
ကင်ရှာဆာ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) တန်ဂါရီကာပြည်နယ် အရှေ့တောင်ပိုင်းတွင် စက်တင်ဘာလ ၁၂ ရက် နံနက်အစောပိုင်းက ကုန်တင်ရထားတစ်စင်း လမ်းချော်မှုကြောင့် လူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောခဲ့သည်။
အန်ကာရာ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ အရှေ့တောင်ပိုင်း ဒီရာဘာကာပြည်နယ်အတွင်း စက်တင်ဘာလ ၁၂ ရက်က လမ်းဘေး ဗုံးပေါက်ကွဲမှုတစ်ရပ ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူလေးဦး သေဆုံးပြီး ၁၃ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ ကြောင်း ဒီရာဘာကာပြည်နယ်အုပ်ချုပ်ရေးမှူးရုံးကပြောကြားခဲ့သည်။
ဂျကာတာ၊စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံတွင် လနှင့်ချီကာ တောမီးလောင်ကျွမ်းမှုကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော မလေးရှားနိုင်ငံ နှင့် စင်ကာပူနိုင်ငံတို့ တွင် မီးခိုးငွေ့များ ပျံ့နှံ့ရောက်ရှိနေပြီး လေထုထဲ ညစ်ညမ်းမှု များ ဖြစ်ပေါ်နေကြောင်း သိရသည်။
ဟာရာရီ ၊ စက်တင်ဘာ ၁၂ ရက် ၊ (ဆင်ဟွာ) ကွယ်လွန်သူ ဇင်ဘာဘွေနိုင်ငံ သမ္မတဟောင်း မူဂါဘီ၏ ကြွင်းကျန်ရုပ်အလောင်းကို စင်ကာပူနိုင်ငံမှတဆင့် မိခင်နိုင်ငံသို့ စက်တင်ဘာ ၁၁ ရက်တွင် ပြန်လည်သယ်ဆောင်ခဲ့သည်။
ကိုလံဘို၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံသို့ ယခုနှစ် သြဂုတ်လအထိ တရုတ်နိုင်ငံသားခရီးသွားဧည့်သည် ၁၀၀,၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ကြောင်း သီရိလင်္ကာ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ စက်တင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်ထားသည့် တရားဝင်စာရင်းများအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အခွန်အခများအား YCB Payment Gateway အသုံးပြု၍ AYE Bank, KBZ Pay, CB Bank တို့မှ ကောက်ခံပေးသွင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက် အခမ်းအနားကို စင်တင်ဘာ ၁၂ ရက် နံနက်(၉)နာရီတွင် ရန်ကုန်မြို့တော်ခန်းမ၌...