ရန်ကုန် ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) H1N1ရောဂါပိုးဖြစ်ပွားမှုမြင့်တက်သည့် မိုးဦးကျ ဇွန်လအတွင်း ရောဂါပိုးတွေ့ရှိသူ ၁၆ ဦးအနက် ၆ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြုံယမ်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတ ရှီကျင့်ဖိန်သည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် ပြုံယမ်းမြို့တွင် တွေ့ဆုံဆွေးနွေးရန် ဇွန်လ ၂၀ ရက်က ရောက်ရှိခဲ့ကြောင်း သိရသည်။ သမ္မတရှီကျင့်ဖိန်၏ ခရီးစဉ်အတွင်း...
ဖူကျန့်၊ ဇွန် ၂ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်ရှိ UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Wu yi တောင်တန်းများသည် သဘာဝအလှအပများနှင့် အလွန်သာယာလှပသည့်အပြင် တောင်ခြေတွင်လည်း JiuQuxi မြစ်က ရစ်ခွေစီးဆင်းလျက်ရှိသောကြောင့် ပြီးပြည့်စုံသည့် ပန်းချီကားတစ်ချပ်ကို ရှုစားနေရသည့်နှယ် စိတ်နှလုံးကြည်နူးရွှင်လန်းစေသည်။ ရေတံခွန်များနှင့်တောအုပ်များမှာလည်း လွန်စွာပနံရလှပပြီး ကျေးငှက်သာရကာများ လွန်စွာပေါများသောကြောင့် သီးပင်စားပင်များလည်းဖြစ်ထွန်းလှသည်။...
ပြုံယမ်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတ ရှီကျင့်ဖိန်သည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် ပြုံယမ်းမြို့တွင် ဇွန်လ ၂၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ်တွင် ဇွန်လ ၂၀ ရက်က လူ ၂၉ ဦးတင်ဆောင်လာသော မော်တော်ယာဉ်တစ်စင်း တူးမြောင်းအတွင်းသို့ပြုတ်ကျသွားခဲ့ပြီး အနည်းဆုံး ကလေး ၇ ဦးပျောက်ဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
တီဟီရန် ၊ ဇွန် ၂ဝ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ ့(IRGC) က နိုင်ငံတောင်ပိုင်း Hormozgan ပြည်နယ်၌ အမေရိကန်ထောက်လှမ်းရေးဒရုန်းတစ်စင်းကို ယနေ့ ဇွန် ၂ဝ ရက် တွင် ပစ်ချခဲ့ကြောင်း အီရန်နိုင်ငံပိုင် IRNA သတင်းဌာနကဖော်ပြခဲ့သည်။
နေပြည်တော်၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) H1 N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ခြောက်လသား ကလေးတစ်ဦးအပါအဝင် ငါးဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာလှက ယနေ့ နေ့လယ်၌ မီဒီယာသို့ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Stef Blokနှင့် ဇွန် ၁၉ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) နေပြည်တော် ၊ ပျဉ်းမနား မြို့နယ် အတွင်း ဇွန် ၁၉ ရက်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၁ ဦး သေဆုံး ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။
ပေဂျင်း ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီစန်း(Wang Qishan)သည် အီဂျစ်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ Ali Abdel-Aal နှင့် ဇွန် ၁၉ ရက်တွင် တွေ့ဆုံခဲ့ပြီး နယ်ပယ် အသီးသီးတွင် ပိုမို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး...