ချင်းသောင် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေတပ်) တည်ထောင်ခြင်း နှစ် ၇ဝ ပြည့် အခမ်းအနားသို့တက်ရောက်လာကြသော နိုင်ငံအသီးသီးမှ ရေတပ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များကို ယနေ့နံနက်(ဧပြီ ၂၃ ရက်)တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) အိုင်ဗရီကို့စ် နိုင်ငံ၌ စားသုံးရန် မသင့်ဟုဆိုကာ မြန်မာ့ဆန်များ ဖျက်ဆီးခြင်းခံရသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ စိစစ်လေ့လာတွေ့ရှိချက်များ၊ ဖြစ်စဉ် အကြောင်းတရားများအပေါ် ယနေ့ဧပြီ ၂၂ ရက်တွင် ရန်ကုန်မြို့၌ သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းခဲ့သည်။
မနီလာ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ လူဇုံကျွန်းရှိ ဇမ်ဘေးလ်စ်ပြည်နယ်မြောက်ပိုင်း၌ ဧပြီလ ၂၂ ရက် ညနေပိုင်းက အင်အား ၅.၇ ပမာဏရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ပညာရှင်အဖွဲ့ (Phivolcs) က ပြောခဲ့သည်။
စီချွမ် ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက BeiDou အာကာသလမ်းကြောင်းရှာဖွေရေးစနစ်(BDS) တပ်ဆင်ထားသော ဂြိုဟ်တုတစ်လုံးကို စီချွမ်ပြည်နယ် ရှီချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဧပြီ ၂ဝ ရက် ညပိုင်းတွင် လွှတ်တင်ခဲ့သည်။ ၎င်းဂြိုဟ်တုကို Long March-3B ဒုံးပျံဖြင့် တင်ဆောင်လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ယင်းမှာ BDS အုပ်စုဝင် ၄၄...
ဟူပေ၊ဧပြီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် တွင် ကမ္ဘာ့ ဒုတိယအမြင့်ဆုံး Siduhe တံတား ကြီး မှာ တောင်ကြားဒေသကို ဖြတ်သန်းဖောက်လုပ်ထားပြီး မြေပြင်မှ အမြင့်ပေ ၅၆ဝ မီတာ အမြင့်တွင်တည်ရှိသည်။ ယင်းမှာ အထပ် ၂ဝဝ အမြင့်ရှိသည့် မိုးမျှော်တိုက် နှင့်...
ကိုလံဘို ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ ဧပြီ ၂၁ ရက်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများအတွင်း သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လျှက်ရှိရာ ယနေ့ဧပြီ ၂၂ ရက် တွင်သေဆုံးသူ ၂၉ဝ ဦး နှင့် ဒဏ်ရာရသူ ၅ဝဝ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။...
Aybak ၊ အာဖဂန်နစ္စတန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဆမ်မန်ဂန်ပြည်နယ်တွင် ဧပြီလ ၂၁ ရက်က ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် အလုပ်သမား ၈ ဦးခန့် အသက်ရှူကြပ်ကာ သေဆုံးခဲ့ကြောင်း ဒေသခံတာဝန်ရှိသူက ဧပြီလ ၂၂ ရက်တွင် ပြောကြားလိုက်သည်။
ဘိုဂိုတာ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းမှုများကြောင့် ကိုလံဘီယာနိုင်ငံ နောက်တောင်ပိုင်း Caucaပြည်နယ် ၊Rosas မြို့တွင် ဧပြီ ၂၁ ရက်နံနက်ပိုင်းက တောင်ပြိုမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ထို့အပြင် အခြားလူ ၂၀ ပျောက်ဆုံးနေကြောင်း ကိုလံဘီယာနိုင်ငံ...
ရန်ကုန် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) မကွေးမြို့နယ် အတွင်း လူနေအိမ် တစ်လုံးမှတဆင့် ပေါ့ဆမီး လောင်ကျွမ်းမှုကြောင့် နေအိမ် ၁၃ လုံး မီးလောင်ကျွမ်း ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။