ကန်းစု၊ ဧပြီ ၂ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကန်းစုပြည်နယ် Zhangye မြို့တွင် ဂြိုဟ်သားများ၏ မြို့တော် ဟုတင်စားခေါ်ဝေါ်သည့် သဘာဝ ဥယျာဉ်တစ်ခုရှိသည်။ ၎င်း၏ မြေမျက်နှာသွင်ပြင်မှာ အခြား ကမ္ဘာတစ်ခုအသွင် တမူထူးခြား လျက်ရှိသောကြောင့် ထင်ရှားကျော်ကြားသည်။(Xinhua)
တဲလ်အဗစ်၊ ဧပြီ ၂ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ချန်းချွမ်မြို့တွင် ဗုံးပေါက်ကွဲမှုဒဏ်ကို ခံနိုင်ရည်ရှိစေမည့်ရထားကို တရုတ် ရထားထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် CRRC Changchun ရထားထုတ်လုပ်ရေးလုပ်ငန်းက ထုတ်လုပ်ပြီး အစ္စရေးနိုင်ငံ တဲလ်အဗစ် မြို့ တွင် ပြေးဆွဲမည်ဟုသိရသည်။ အဆိုပါ ရထားကို ပေါက်ကွဲမှုဒဏ်ကို ခံနိုင်ရည်ရှိစေပြီး လုံခြုံရေးကို အထူးအဆင့်မြင့်စေရန်...
ရန်ကုန်၊ ဧပြီ ၂၀ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၌ မော်တော်ယာဉ် ၁ စီးမှ စက်ဘီးနှင့် မော်တော်ယာဉ် ၅ စီးအား ဆင့်ကဲတိုက်မိမှုဖြစ်ပွားခဲ့ပြီး စက်ဘီးစီးနင်းသည့် အမျိုးသားသည် အခင်းဖြစ်နေရာ၌သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ကဘူးလ်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ် အလယ်ပိုင်းရှိ အစိုးရရုံး အဆောက်အအုံနှင့် ဟိုတယ်တစ်ခု အပြင်ဘက်တွင် ဧပြီလ ၂၀ ရက်က ပေါက်ကွဲမှုနှင့် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် အမ်းမြို့တွင်ဧပြီလ ၂၀ ရက် တွင် ၁၇ နှစ်အတွင်း အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဝါရှင်တန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် လစ်ဗျားနိုင်ငံ စစ်တပ် တပ်မှူး ခါလီဖာ ဟတ်ဖ်တာ (Khalifa Haftar) နှင့် ဧပြီလ ၁၅ ရက်က တယ်လီဖုန်းဖြင့် “လုပ်ဆောင်နေဆဲ တန်ပြန် အကြမ်းဖက်မှု...
အန်းဟွေး၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အန်းဟွေးပြည်နယ်ရှိ Jiuhuashan အမျိုးသား သဘာဝ ဥယျာဉ်ကို UNESCO က ကမ္ဘာ့ အမွေအနှစ်သဘာဝဥယျာဉ်အဖြစ် သတ်မှတ်အတည်ပြုခြင်းခံခဲ့ရသည်။ ၎င်းဥယျာဉ်မှာ ယန်ဇီမြစ်ကြောင်းစနစ်ကို ထောက်ပံ့ပေးသည့် ရေကြည် ရေသန့် ထွက်ရှိရာ အဓိက အရင်းမြစ်တစ်ခုလည်းဖြစ်ပြီး ဘာသာရေး၊ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ...
ဟူနန်၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် တွင် တစ်နာရီလျင် ၃၅ဝ ကီလိုမီတာ အမြန်နှုန်းဖြင့်မောင်းနှင် နိုင်မည့် မြန်နှုန်းမြင့်ရထားကို အလိုအလျောက်မောင်းနှင်ပြေးဆွဲတော့မည်ဖြစ်သည်။ ရထားမှာ အလိုအလျောက် မောင်းနှင် ရပ်တန့်နိုင်မည်ဖြစ်ပြီး၊တံခါးအဖွင့်အပိတ်များနှင့် ဘူတာ ဆိုက်ကပ် ရပ်နားမှုများကို အချိန်ဇယားအတိုင်းသွားလာနိုင်မည်ဖြစ်သည်။ ရထားမောင်းနှင်သူ အနေဖြင့် အရေးပေါ်အခြေအနေနှင့်...
နယူးဒေလီ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်းဥသာပရာဒက်ရှ်ပြည်နယ်တွင် ဧပြီလ ၂၀ ရက် အစောပိုင်းက ခရီးသည်တင် ရထားတစ်စင်း တွဲချော်မှုကြောင့် ခရီးသည် ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။
ဂျကာတာ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီရှိ I Gusti Ngurah Rai အပြည်ပြည်ဆိုင်ရာလေဆိပ် အဆောက်အအုံအမှတ် (၁)တွင် ဧပြီလ ၁၉ ရက်နေ့က မီးလောင်မှုဖြစ်ပွားရာ၊ ရာနှင့်ချီသည့်ခရီးသည်များ သောင်တင်ခဲ့ရကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိကပြောသည်။