နယူးဒေလီ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 တတိယလှိုင်းသည် ဩဂုတ်လကုန်ပိုင်းတွင် ဖြစ်နိုင်ဖွယ်ရှိကြောင်း အိန္ဒိယ ထိပ်တန်း ကျန်းမာရေး သုတေသနအဖွဲ့ဖြစ်သော အိန္ဒိယ ဆေးဘက်ဆိုင်ရာသုတေသနကောင်စီ (ICMR) ၏ ကူးစက်ရောဂါဗေဒနှင့် ကူးစက်ရောဂါများဌာန အကြီးအကဲ ဒေါက်တာ Samiran Panda က ဇူလိုင်...
လစ္စဘွန်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ပေါ်တူဂီနိုင်ငံတွင် ပြန်လည်သုံးသပ်မှု ပြုလုပ်ပြီးနောက် Janssen ဓာတ်ခွဲခန်းမှ ကာကွယ်ဆေးများအား ဆက်လက် အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြောင်း အမျိုးသား ဆေးဝါးနှင့် ကျန်းမာရေးထုတ်ကုန်များအာဏာပိုင် (Infarmed) က ဇူလိုင် ၁၅ ရက်က ကြေညာခဲ့သည်။
ဆောပိုလို၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံသမ္မတ ဂျေအာဘိုဆိုနာရို (Jair Bolsonaro) ၏ ကျန်းမာရေး အခြေအနေမှာ ကျေနပ်ဖွယ်ရာ အဆင့်သို့ရောက်ရှိလာကြောင်း၊ သို့သော် ၎င်းသည် အူလမ်းကြောင်း ပိတ်ဆို့ခြင်းအတွက် ကုသမှုအား ဆေးရုံ၌ ဆက်လက်ခံယူရမည်ဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်က ထုတ်ပြန်သည့် ဆေးဘက်ဆိုင်ရာ...
ဝါရှင်တန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) လက်ရှိတွင် ဟေတီနိုင်ငံသို့ စစ်တပ်စေလွှတ်ရန် အမေရိကန်တွင် အစီအစဉ်မရှိသေးဟု အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ကွာလာလမ်ပူ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံတွင် ဇူလိုင်လ ၁၅ ရက် နေ့လယ်ပိုင်းအထိ ၂၄ နာရီအတွင်း ထပ်တိုး ကိုဗစ်အတည်ပြုလူနာ ၁၃,၂၁၅ ဦးရှိရာ ကပ်ရောဂါဖြစ်ပွားသည့် ကာလတစ်လျှောက်အမြင့်ဆုံးစံချိန်တင်ခဲ့သလို ၃ ရက်ဆက်တိုက် နေ့စဉ်ထပ်တိုးအတည်ပြုလူနာ ၁၀,၀၀၀ ကျော်ရှိလာခြင်း ဖြစ်ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာန၏ ယင်းနေ့တွင်...
ဂျိုဟန္နက်စဗတ်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ သမ္မတဟောင်း Jacob Zumaကို ဖမ်းဆီးအကျဉ်းချမှုကြောင့် အဓိကရုဏ်းများဖြစ်ပွားခဲ့ရာ အခင်းဖြစ်ရပ်ကြောင့် သေဆုံးသူ (၁၁၇)ဦး ရှိပြီဖြစ်ကြောင်း ယင်းနိုင်ငံ သမ္မတရုံး ခေတ္တဝန်ကြီး Khumbudzo Ntshavheniက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဘာလင်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်ပိုင်း Rhineland-Palatinate ပြည်နယ်နှင့် North Rhine-Westphalia ပြည်နယ်တို့တွင် ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ အနည်းဆုံး (၅၈)ဦးအထိရှိလာခဲ့ပြီး လူပေါင်းဒါဇင်နှင့်ချီ ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံမီဒီယာအရသိရသည်။
ကျုံးဝေ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျုံးဝေ-လန်ကျိုး မြန်နှုန်းမြင့်ရထားလမ်းတံတားကြီး ၏ အဓိက အပိုင်းများ တည်ဆောက်တပ်ဆင်ခြင်းကို မကြာသေးမီက ဆောင်ရွက်ခဲ့သည်။ ၎င်းမှာ ရထားလမ်း၏ အပေါ်ပိုင်းမှ ချိတ်ဆက် ရန် တာဝါတိုင်များပေါ်သို့ လုပ်သားများဖြင့်တက်ရောက်ကာသွယ်တန်းခြင်းလုပ်ငန်းစဉ်ဖြစ်သည်။ ကျုံးဝေနှင့်နင်းရှ(ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ နှင့် ကန်းစုပြည်နယ်...
ချန်းချွန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းမော်တော်ယာဉ်ထုတ်လုပ်ငန်းစုကြီးဖြစ်သော FAW မော်တော်ယာဉ်လုပ်ငန်း၏ ကုန်တင်ကားထုတ်လုပ်ရေးလုပ်ငန်းခွဲ FAW Jiefang က အစီးရေ ၈ သန်းမြောက်ကုန်တင်ကား ကို အင်္ဂါနေ့တွင်ထုတ်လုပ်ခဲ့သည်။ ယခုနှစ် ပထမနှစ်ဝက်တွင် FAW Jiefang မော်တော်ယာဉ်ထုတ်လုပ်ငန်းမှ မော်တော်ယာဉ် အစီးရေပေါင်း ၂၆၇,၇၇၀...
ကွေ့ကျိုး၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် Bijiang ခရိုင်၊ Tongren မြို့ တွင် အိမ်သုံး အမှိုက်စွန့်ပစ် ထားသိုရေး စနစ်အား စမတ်နည်းပညာဖြင့် တိုးတက်အောင်လုပ်ဆောင်ထားရှိသည်။ ထိုစနစ်သည် ခရိုင်အတွင်းရှိ အမှိုက်စွန့်ပစ်ကန်များနှင့် အမှိုက်သိမ်းယာဉ်များအား စောင့်ကြည့်နိုင်ရန်အထောက်အကူပြုသည်။ မှိုက်ကန်များတွင် ဆင်ဆာများတပ်ဆင်ထားရှိပြီး...