ဂျေရုဆလင်၊ မေ ၁၁ ရက်(ဆင်ဟွာ) ပါလက်စတိုင်း ပြည်သူလူထုနှင့် အစ္စရေး ရဲတပ်ဖွဲ့ဝင်များအကြား မေ ၁၀ ရက်က ဂျေရုဆလင်မြို့ဟောင်း Temple Mount ဘုရားကျောင်းတွင် အဓိကရုဏ်းပြင်းပြင်းထန်ထန် ထပ်မံဖြစ်ပွားခဲ့ရာ လူပေါင်း (၂၀၀)ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ ၊ မေ ၁၁ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်စ်က ကမ္ဘာ့အကျပ်အတည်းများ နှင့် ပဋိပက္ခများအား ဖြေရှင်းရန် အတူတကွလုပ်ကိုင်ကြသည့် နိုင်ငံများအား ခိုင်မာသည့် ယုံကြည်ချက်ကို ဖော်ပြကာ ဒုတိယသက်တမ်းအတွက် အရွေးခံမည့် ၎င်း၏ ရည်ရွယ်ချက်ကို ကြေညာခဲ့ကြောင်း သိရသည်။
ဂျေရုဆလင် ၊ မေ ၁၁ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံတောင်ပိုင်း နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဂါဇာဘက်မှနေ၍ အစ္စရေးဘက်သို့ ဦးတည်ကာ မေ ၁၀ ရက် ညနေပိုင်းက ဒုံးကျည် ၄၅ လုံးကျော် ပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF) ပြောရေးဆိုခွင့်ရှိသူ Jonathan Conricus က ပြောကြားခဲ့သည်။
ဆိုးလ် ၊ မေ ၁၁ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင်း က အမေရိကန်နိုင်ငံ ဘိုင်ဒန်အစိုးရ၏ မြောက်ကိုရီးယားနိုင်ငံအပေါ်ထားရှိသည့် မူဝါဒဦးတည်ချက်နှင့်ပတ်သက်၍ ကြိုဆိုပြီး မိမိအနေဖြင့် တာဝန်ထမ်းဆောင်ရန်ကျန်ရှိသော တစ်နှစ်တာ အချိန်ကာလအတွင်း ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစွမ်းကုန် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေ ၁၀ ရက်၌ အိမ်ပြာတော်...
ပေကျင်း၊ မေ ၁၀ ရက်(ဆင်ဟွာ) အီရန် နျူကလီးယား ဘက်စုံသဘောတူညီချက် တွေ့ဆုံဆွေးနွေးမှု တိုးတက်မှုရှိသည့်အပေါ် အကောင်းဘက်က ရှုမြင်ကြောင်း ၊ အီရန်အပေါ် အဓိက ပိတ်ဆို့သည့် သဘောတူညီချက်ကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း အီရန်သမ္မတ ဟာဆန်ရိုဟာနီက မေ ၈ ရက်တွင် ပြောကြားခဲ့သည်။
ဟူစတန်၊မေ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့ပိုင်း နှင့် အရှေ့တောင်ပိုင်း ရှိ နေရာများသို့ ဂတ်စ်ဓာတ်ငွေ့ နှင့် ဒီဇယ်ဆီများ အဓိက ပို့လွှတ်ပေးနေသည့် ပိုက်လိုင်းမှာ ဆိုက်ဘာတိုက်ခိုက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် နှစ်ရက်ဆက်တိုက် ဆက်လက် ပိတ်ထားခဲ့ရကြောင်း ပိုက်လိုင်းကုမ္ပဏီက မေ ၉ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက အိန္ဒိယနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး ကူညီရန် ငွေသား အကူအညီ အမေရိကန်ဒေါ်လာ ၁ သန်းအား ပေးအပ်ခဲ့ကြောင်း တရုတ်ကြက်ခြေနီဖောင်ဒေးရှင်း(CRCF)က မေ ၉ ရက်တွင် ပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ် ၊ မေ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် မြို့တော် ကော်လိုရာဒိုစပရင်းစ်တွင် မေ ၉ ရက် နံနက်ပိုင်းက မွေးနေ့ပါတီတစ်ခုအတွင်း သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူကြီး ၆ ဦးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး သေနတ်သမားမှာလည်း အခင်းဖြစ်နေရာ၌ပင် ၎င်းကိုယ်ကို အဆုံးစီရင်သွားကြောင်း သိရသည်။
ချင်းယွမ်၊ မေ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း Qingyuan မြို့ တွင် မြေပြင်အထက် မီတာ ၅၀၀ အမြင့်ရှိ Gulong ချောက်နက်ကြီးထက်တွင်တည်ဆောက်ထားသည့် မှန်တံတား ပေါ်၌ ပြီးခဲ့သည့်အလုပ်သမားနေ့ အားလပ်ရက် တွင် ကန်တုံအော်ပရာကဇာတ်အဖွဲ့က မှန်တံတားပေါ်သို့လာရောက်လည်ပတ်ကြသူများအား ဖျော်ဖြေတင်ဆက်မှုပြုလုပ်ခဲ့သည်။ (Xinhua)
ဒါကာ၊ မေ ၉ ရက် (ဆင်ဟွာ) တရုတ်ရိုးရာတိုင်းရင်းဆေးဖြင့်ကုသသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဆေးခန်းတစ်ခုတွင် လာရောက်ကုသသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ Suoxi Healthcare Limited ဆေးခန်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ၌ ၂၀၁၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည်။ ဆေးခန်းတွင် တရုတ်နိုင်ငံမှပြန်လာသည့် ကျွမ်းကျင်ပညာရှင်များအပါအဝင် လေ့ကျင့်သင်ကြားပေးထားသည့် ပြည်တွင်းမှ...