Connect with us

Asia

အီရန်နျူကလီးယားသဘောတူညီချက် တွေ့ဆုံဆွေးနွေးမှု တိုးတက်နိုင်ဖွယ်ရှိဟု အီရန် သမ္မတရိုဟာနီ ဆို

အီရန်သမ္မတ ရိုဟာနီ သမ္မတအိမ်တော်တွင် သတင်းစာရှင်းလင်းပွဲကျင်းပနေသည်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၁၀ ရက်(ဆင်ဟွာ)

အီရန် နျူကလီးယား ဘက်စုံသဘောတူညီချက် တွေ့ဆုံဆွေးနွေးမှု တိုးတက်မှုရှိသည့်အပေါ် အကောင်းဘက်က ရှုမြင်ကြောင်း ၊ အီရန်အပေါ် အဓိက ပိတ်ဆို့သည့် သဘောတူညီချက်ကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း အီရန်သမ္မတ ဟာဆန်ရိုဟာနီက မေ ၈ ရက်တွင် ပြောကြားခဲ့သည်။

“အဓိက ပိတ်ဆို့မှုအားလုံးနီးပါးကို ဖယ်ရှားလိုက်ပြီ ”၊ တွေ့ဆုံဆွေးနွေးမှုမှာ အသေးစိတ်အကြောင်းအရာအချို့ကိုသာ ဆွေးနွေးညှိနှိုင်းဖို့ ကျန်တော့ကြောင်း ရိုဟာနီ၏ပြောကြားချက်ကို ကိုးကား၍ အီရန်နိုင်ငံပိုင်မီဒီယာက ရေးသားခဲ့သည်။
ရိုဟာနီ၏ပြောကြားချက်ကို အမေရိကန်နှင့် သဘောတူညီချက်ပါအခြားနိုင်ငံများက တုန့်ပြန်ပြောကြားခြင်း မရှိသေးကြောင်း ရိုက်တာ သတင်းက ဆိုသည်။

အီရန်နျူကလီးယားသဘောတူညီချက် သက်ဆိုင်ရာကိုယ်စားလှယ်များက ယခုအပတ်အတွင်း ဩစတြီးယားနိုင်ငံ မြို့တော်ဗီယင်နာတွင် စတုတ္ထအကြိမ်တွေ့ဆုံကြမည်ဖြစ်ရာ အမေရိကန်နှင့်အီရန် သဘောတူညီချက်ကို ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် ဆွေးနွေးကြကြောင်း သိရသည်။

အမေရိကန်၊အီရန် နှစ်ဖက်စလုံးက သဘောတူညီချက်ကို ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ကွဲလွဲမှုကြီးများရှိနေဆဲဖြစ်ကြောင်း အမေရိကန်၊ အီရန်နှင့် ဥရောပ အရာရှိများက မေ ၆ ရက်တွင် ပြောကြားခဲ့သည်။
ထိုမတိုင်မီ အမေရိကန်သမ္မတ ဘိုင်ဒင်က ၎င်းအနေဖြင့် ဗီယင်နာတွေ့ဆုံဆွေးနွေးပွဲတွင် အီရန်၏အလေးနက်ထားမှုက မည်သို့ရှိသည်ကို မသိကြောင်း ပြောကြားခဲ့သည်။

ထိုနောက် မေ ၇ ရက်တွင် ဘိုင်ဒင်က ဆွေးနွေးမှု၌ အီရန်က အလေးအနက်ထားတာကို အမေရိကန်အနေဖြင့် အသိအမှတ်ပြုကြောင်း၊ သို့သော် အလေးအနက်ထားခြင်းနှင့်ဆောင်ရွက်ဖို့ကြိုတင်ပြင်ဆင်ခြင်းကတော့ တခြားစီဖြစ်ကြောင်း ဆိုသည်။
လက်ရှိအီရန်နျူကလီးယားအကျပ်အတည်းသည် အမေရိကန်ယခင်အစိုးရ အနေဖြင့် လွန်ခဲ့သည့်(၃)နှစ်တွင် သဘောတူညီချက်မှ တစ်ဖက်သတ်နုတ်ထွက်သွားခြင်းကြောင့်ဖြစ်ပြီး လက်ရှိအစိုးရအနေဖြင့် မဖြစ်မနေ ရွေးချယ်ဆောင်ရွက်ရမည့် ကိစ္စဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်က မေ ၈ ရက် လူမှုကွန်ရက် စာမျက်နှာတွင် ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်တွင် အီရန် ၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်နှင့် ဂျာမနီနိုင်ငံတို့အတူ အီရန်နျူကလီးယားသ‌ဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သဘောတူညီချက်အရ အီရန်သည် နျူကလီးယာအစီအစဉ်ကို ကန့်သတ်ဆောင်ရွက်ရန် ကတိကဝတ်ပြုခဲ့ပြီး နိုင်ငံတကာ အသိုက်အဝန်းမှ အီရန်အပေါ် ပိတ်ဆို့မှုကို ဖြေလျှော့ရန် ဖြစ်သည်။ ၂၀၁၈ ခုနှစ် မေလတွင် အီရန်နျူကလီးယားသဘောတူညီချက်မှ အမေရိကန်အစိုးရ တစ်ဖက်သတ်နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုများနှင့် ထပ်တိုးပိတ်ဆို့မှု အသစ်များကို ပြန်လည်ဆောင်ရွက်ခဲ့သည်။ ၂၀၁၉ ခုနှစ် မေလမှစ၍ အီရန်က နျူကလီးယားသဘောတူညီချက်ပါ ကတိကဝတ်အချို့ကို လိုက်နာရန် ရပ်ဆိုင်းခဲ့ကြောင်း၊ သို့သော် အခြေအနေအရ ပြောင်းလဲမည်ဟု ပြောဆိုခဲ့သည်။ (Xinhua)

—————————————
(English Version)

鲁哈尼就伊核协议谈判进展态度乐观

  新华社北京5月9日电(记者刘曦)伊朗总统哈桑•鲁哈尼8日说,他对重新恢复履行伊朗核问题全面协议的谈判进展感到乐观,称已大致达成解除对伊朗主要制裁的协议。
伊朗国家媒体援引鲁哈尼的话报道,“几乎所有主要制裁都已经解除”,伊核协议谈判眼下只剩一些细节问题有待商定。
 路透社报道,美国方面和协议其他各方尚未就鲁哈尼的说法予以回应。
 伊核协议相关方代表本周在奥地利首都维也纳举行第四轮会谈,讨论美国和伊朗恢复履行协议议题。美国、伊朗和欧洲官员6日曾表示,美伊双方在恢复履约方面仍然存在巨大分歧。
美国总统约瑟夫•拜登先前说,他不清楚伊朗对维也纳谈判的认真程度。他7日说,美方认可伊朗在谈判中的“认真态度”,但“认真程度与准备如何行事是另一回事”。
 伊朗外交部长穆罕默德•贾瓦德•扎里夫8日在社交媒体上说,当前的伊核危机是美国上届政府3年前单方面退出伊核协议造成的,美国现任政府必须做出选择。
2015年7月,伊朗与美国、英国、法国、俄罗斯、中国和德国达成伊核协议。根据协议,伊朗承诺限制其核计划,以换取国际社会解除制裁。2018年5月,美国政府单方面退出伊核协议,重启并新增一系列对伊制裁。2019年5月以来,伊朗逐步中止履行伊核协议部分条款,但承诺所采取措施“可逆”。(刘曦)

2019年10月14日,伊朗总统鲁哈尼在总统府举行记者会。新华社发(艾哈迈德摄)