Connect with us

Asia

အမေရိကန်နိုင်ငံအစိုးရ ၏ မြောက်ကိုရီးယားအပေါ်ထားရှိသော မူဝါဒ နှင့်ပတ်သက်၍ ကြိုဆိုကြောင်း တောင်ကိုရီးယားနိုင်ငံသမ္မတ ပြောကြား

ဆိုးလ် ၊ မေ ၁၁ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင်း က အမေရိကန်နိုင်ငံ ဘိုင်ဒန်အစိုးရ၏ မြောက်ကိုရီးယားနိုင်ငံအပေါ်ထားရှိသည့် မူဝါဒဦးတည်ချက်နှင့်ပတ်သက်၍ ကြိုဆိုပြီး မိမိအနေဖြင့် တာဝန်ထမ်းဆောင်ရန်ကျန်ရှိသော တစ်နှစ်တာ အချိန်ကာလအတွင်း ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစွမ်းကုန် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေ ၁၀ ရက်၌ အိမ်ပြာတော် (Blue House) တွင် ကျင်းပပြုလုပ်သည့် တာဝန်ထမ်းဆောင်ခြင်း ၄ နှစ်ပြည့် အထူးမိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။မွန်ဂျေအင်း က အမေရိကန်နိုင်ငံအစိုးရအနေဖြင့် မြောက်ကိုရီးယားနိုင်ငံအပေါ်ထားရှိသည့် မူဝါဒ နှင့် ပတ်သက်၍ သုတေသန နှင့် သုံးသပ်မှုဆောင်ရွက် ထားပြီးဖြစ်ကြောင်း ၊ ယင်းမူဝါဒ၏ အခြေခံရည်မှန်းချက်မှာ နိုင်ငံခြားရေးနည်းလမ်းဖြင့် ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေးကို ဆောင်ရွက်ရန်ဖြစ်ပြီး စင်ကာပူကြေညာစာတမ်းကို အခြေခံထားကာ မြန်ဆန်၍ လက်တွေ့ကြသော အဆင့်ဆင့်မြှင့်တင်သွားရန်ဆောင်ရွက်မည့် သဘောထားဖြစ်သောကြောင့် တောင်ကိုရီးယားနိုင်ငံအနေဖြင့် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မွန်ဂျေအင်း က တောင်ကိုရီးယားနိုင်ငံအနေဖြင့် အစီအစဉ်ရေးဆွဲခြင်းဖြင့် မေလကုန်ပိုင်း တွင် တောင်ကိုရီးယား-အမေရိကန်ခေါင်းဆောင်များ အစည်းအဝေးကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံမဟာမိတ်ဆက်ဆံရေးကို တိုးချဲ့သွားမည်ဖြစ်ကြောင်း ၊ အမေရိကန်နိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ မူဝါဒနှင့်ပတ်သက်၍ ပိုမိုအနီးကပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး တောင်-မြောက် ကိုရီးယား နှင့် မြောက်ကိုရီးယား-အမေရိကန် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းကို ပြန်လည်ဖော်ဆောင်ကာ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်တက်လှမ်းသွားမည်ဖြစ်ကြောင်း ၊ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် တိုက်တွန်းမှုကို တုံ့ပြန်မှုပြုလုပ်ကာ အတူတကွ လက်တွဲ၍ ငြိမ်းချမ်းရေးကိုဖော်ဆောင်ပြီး အတူတကွ စည်ပင်တိုးတက်အောင် ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့သည်။

ကပ်ရောဂါ နောက်ပိုင်းကာလ စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ မွန်ဂျေအင် က အစိုးရမှ ဘဏ္ဍရေးမူဝါဒများဖြင့် စီးပွားရေး ပြန်လည်ထူထောင်နိုင်အောင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိရောက်သော မူဝါဒဆောင်ရွက်မှုများဖြင့် ယခုနှစ် စီးပွားရေးတိုးတက်မှုကို ၄ ရာခိုင်နှုန်းအထက် ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
—————————————
(Cninese Version)

(国际)文在寅说欢迎拜登政府的对朝政策方向

新华社首尔5月10日电(记者陆睿 杜白羽)韩国总统文在寅10日在总统府青瓦台发表就职四周年特别讲话时表示,欢迎美国拜登政府的对朝鲜政策方向,他在剩余一年的任期中将竭尽全力推动朝鲜半岛和平进程。
文在寅说,美国拜登政府已经完成了对朝鲜政策的研究和评估,这一政策的方向是以外交手段实现半岛完全无核化为基本目标,以新加坡宣言为基础,追求灵活、循序渐进和务实的态度,韩方对此表示欢迎。
文在寅还表示,将通过计划于5月底举行的韩美首脑会谈加强韩美同盟关系,更加密切地协调对朝政策,找出恢复韩朝、朝美对话的道路,再次向和平发展迈出步伐。他表示,希望朝鲜能够响应呼吁,携手实现和平、共同走向繁荣。
谈到后疫情时代的经济复苏,文在寅强调,政府将通过积极的财政政策推动经济复苏,大刀阔斧地出台消费刺激措施,不遗余力地支持出口,制定实施有效提振内需的政策方案,力争今年实现4%以上的经济增长率。(完)

Photo 5月10日,在韩国首尔青瓦台,韩国总统文在寅发表就职三周年特别讲话。(新华社发,青瓦台供图)