Videos
၂ နှစ်ကျော်ရပ်နားထားခဲ့သည့် Yangon Water Bus ပြန်လည်ပြေးဆွဲ
ရန်ကုန် ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)
အချိန် ၂ နှစ်ကျော် ရပ်နားထားခဲ့သည့် ရန်ကုန်မြစ်တွင်း ခရီးသည် ပို့ဆောင်ရေး Yangon Water Bus ခရီးစဉ်များကို အောက်တိုဘာ ၆ ရက်တွင် ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်သည်။ ထိုသို့ပြန်လည်ပြေးဆွဲရာတွင် ဗိုလ်တထောင်၊ ပန်းဆိုးတန်း၊ လမ်းသစ်၊ ဆာပါချောင်နှင့် အံ့ကြီးစတဲ့ မှတ်တိုင် ဆိပ်ကမ်း ၅ ခုကို ရေယာဉ်နှစ်စင်းဖြင့် ခေါက်တို ပြေးဆွဲသွားမည်ဖြစ်ကြောင်း Yangon Water Bus တည်ထောင်သူ ဒေါ်တင့်တင့်လွင်က ဆင်ဟွာကို အောက်တိုဘာ ၆ ရက်၌ ပြောကြားသည်။ (Xinhua)