Connect with us

North America

မက္ကဆီကို တွင် ပျောက်ဆုံးနေသည့် ကျောင်းသားများ၏ မိခင်များက အမေများနေ့တွင် ဆန္ဒပြ

မက္ကဆီကို တွင် ပျောက်ဆုံးနေသည့် ကလေးများအတွက် ဆန္ဒပြနေသည့် မိခင်တစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကို စီးတီး၊ မေ ၁၁ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ တွင် လွန်ခဲ့သည့် ၂နှစ် ကတည်းက ပျောက်ဆုံးသွားပြီး အသတ်ခံလိုက်ရသည်ဟု ယူဆရသော ကျောင်းသား ၄၃ဦး၏ မိခင်များသည် မြို့တော် မက္ကဆီကို စီးတီးတွင် မေလ ၁၀ ရက် အမေများနေ့က စီတန်းဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ပျောက်ဆုံးနေသော ကျောင်းသားအားလုံးသည် မူးယစ်ဆေးဝါးများ မှောင်ခိုတင်သွင်းရာ နိုင်ငံတောင်ပိုင်း Guerrero ပြည်နယ် Ayotzinapaမြို့ ရှိ ဆရာအတတ်သင် ကောလိပ်မှဖြစ်ကြပြီး ၎င်းတို့၏ မိခင်များသည် နိုင်ငံရှိ ပြည်နယ်များတွင် အလားတူပျောက်ဆုံးနေသူများ၏ ဆွေမျိုးများ၊ အခြား အမျိုးသမီးများ နှင့် ပူးပေါင်းကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မိခင်များ နှင့် ထောက်ခံသူပေါင်း ၄၀၀ခန့်သည် “မေလ ၁၀ရက်နေ့ဟာ ပွဲတော်ကျင်းပရန်မဟုတ်။ ဆန္ဒပြဖို့ နဲ့ တိုက်ခိုက်ဖို့ အတွက်သာ ဖြစ်တယ်” ဟု ကြွေးကြော်ဆန္ဒပြခဲ့ကြပြီး အများစု သည် အဖြူရောင်ဝတ်စုံအား ဝတ်ဆင်ထားကာ ပျောက်ဆုံးနေသော ကလေးများ၏ ဓါတ်ပုံများကို ကိုင်ဆောင်ထားကြကြောင်း နှင့် ဆန္ဒပြပွဲအား နံနက် ၁၀း၃၀ နာရီတွင် စတင်ခဲ့ကြောင်း သိရသည်။

မက္ကဆီကို အစိုးရ၏ပြောကြားချက်အရ မူးယစ်ဆေးဝါးနှင့် ပတ်သက်နေသည့် အကြမ်းဖက်မှုများကြောင့် မက္ကဆီကိုလူမျိုး ၂၈,၀၀၀ ထက်မနည်း ပျောက်ဆုံးခဲ့ကြောင်း သိရသည်။ ပျောက်ဆုံးနေသူများ၏ မိသားစုများက အခွင့်အခါကောင်းကို စောင့်၍ ပျောက်ဆုံးနေသူများအား ပိုမိုရှာဖွေရန် အာဏာပိုင်များအား ဖိအားပေး ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ကျောင်းသား ၄၃ဦး ခေါ်ဆောင်သွားခံရပြီးပျောက်ဆုံးသွားသည်မှာ ၂နှစ်ခွဲရှိပြီဖြစ်သော်လည်း ယင်းအမှုအား မဖော်ထုတ်နိုင်ဘဲ ဒဏ္ဍာရီဆန်ဆန် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.