Connect with us

North America

ကျောင်းသား ၂၆ဦးလိုက်ပါလာသည့် အမေရိကန် ဘတ်စ်ကားတစ်စီး တိမ်းမှောက်

ကျောင်းသား ၂၆ဦးလိုက်ပါလာသည့် အမေရိကန် ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့စဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ Pennsylvania ပြည်နယ် မှ ဝါရှင်တန်ဒီစီ မြို့သို့ လေ့လာရေးခရီးထွက်လာသော ကျောင်းသား ၂၆ဦး လိုက်ပါလာသည့် စင်းလုံးငှား ဘတ်စ်ကားတစ်စီး သည် Baltimore မြို့ မြောက်ဘက် ရှိ လမ်းမတစ်ခုတွင် မေ ၁၅ ရက်က တိမ်းမှောက်သွားခဲ့ရာ အနည်းဆုံး ခရီးသည် ၂၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ယာဉ်တိမ်းမှောက်မှုတွင် ၈တန်းကျောင်းသား ၂၆ဦး၊ ဆရာ ၂ဦး၊ မိဘအုပ်ထိန်းသူ တစ်ဦး နှင့် ဒရိုင်ဘာတစ်ဦး ပါဝင်ခဲ့ကြောင်း Philadelphia ကျောင်း ကြီးကြပ်ရေးမှူး Dr. William R. Hite ကပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာမှ လွင့်ထွက်သွားသော လူကြီး တစ်ဦး နှင့် ကလေး တစ်ဦးမှာ အခြေအနေစိုးရိမ်ရပြီး ပြည်နယ်ရဲတပ်ဖွဲ့၏ ရဟတ်ယာဉ်ဖြင့် ဆေးရုံတစ်ခုသို့ပို့ဆောင်ပေးထားကြောင်း မယ်ရီလန်း ပြည်နယ် ရဲတပ်ဖွဲ့က တွစ်တာစာမျက်နှာတွင်ရေးသားခဲ့သည်။ အခြားသူများအား အခင်းဖြစ်ပွားရာ၌ပင် ဆေးကုသပေးခြင်း (သို့) နီးစပ်ရာဆေးရုံသို့ လူနာတင်ကားဖြင့် ပို့ဆောင်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှု သည် Harford စီရင်စု ရှိ တောင်ဘက်သို့ဦးတည်နေသော I-95 လမ်းမပေါ်တွင်ဖြစ်ပွားခဲ့ပြီး ယာဉ်ကြောနှစ်ဖက်စလုံးကို မေ ၁၅ရက် နံနက်ပိုင်းက ပိတ်ထားခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.