Connect with us

North America

Ransomware ဆိုက်ဘာတိုက်ခိုက်မှုအတွင်း ဒေါ်လာ ၇၀,၀၀၀ ဆုံးရှုံးခဲ့ရကြောင်း အိမ်ဖြူတော် ထုတ်ပြန်

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ Dharmais ဆေးရုံ၏ သတင်းအချက်အလက် စနစ်အား ဗိုင်းရပ်စ် နှောင့်ယှက်မှုရှိကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၅၀ ကို သက်ရောက်မှု ဖြစ်စေခဲ့သည့် “Ransomware” ဆိုက်ဘာ တိုက်ခိုက်မှုတွင် ဒေါ်လာ ၇၀,၀၀၀ ဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း အိမ်ဖြူတော်က မေလ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

“ဒါတွေက အချက်အလက်တွေ ပြန်ရလေမလား ဆိုတာကတော့ ကျွန်တော်တို့ မသေချာပါဘူး” ဟု အိမ်ဖြူတော် အမိမြေ လုံခြုံရေး အကြံပေး Tom Bossert က နေ့စဉ် သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

WannaCry သို့မဟုတ် WannaCript ဟု လူသိများသော Ransomware ဆိုက်ဘာတိုက်ခိုက်မှုတွင် နိုင်ငံပေါင်း ၁၅၀ ခန့်က စက်ပေါင်း ၃၀၀,၀၀၀ ကျော်ကို ထိခိုက်ခဲ့ကြောင်း၊ သို့ရာတွင် သတင်းကောင်း တစ်ခုမှာဗိုင်းရပ်စ် ပြန့်ပွားမှုနှုန်းက ရက်သတ္တပတ်အတွင်း နှေးကွေးသွားမည် ဖြစ်ကြောင်း Bossert က ပြောသည်။

သို့သော်လည်း ယင်း တိုက်ခိုက်မှုမှာ အမေရိကန် ဗဟို အစိုးရစနစ်ကိုမူ ထိခိုက်ခြင်း မရှိခဲ့ကြောင်း ၎င်းက ပြောသည်။

Ransomware ဆိုက်ဘာ တိုက်ခိုက်မှုမှာ မူကွဲ သုံးမျိုးရှိသော်လည်း ထို မူကွဲအားလုံးကို patching system များဖြင့် ကာကွယ်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ ဆိုက်ဘာ တိုက်ခိုက်မှုအား စပိုင် အေဂျင်စီမှ ပထမဆုံး တွေ့ရှိခဲ့သော်လည်း ၎င်းတို့၏ အချက်အလက်များ ခိုးယူခံရမည်စိုးရိမ်သဖြင့် လျှို့ဝှက်ထားခဲ့သောကြောင့် အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA) အား မိုက်ခရိုဆော့က မေလ ၁၅ ရက်တွင် ပြစ်တင်ဝေဖန်လိုက်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.