Connect with us

Politics, Law & Military

ပြည်သူ့ ကိုယ်စားလှယ်ကောင်းများ ပီသစွာ နိုင်ငံသားတို့၏ လူမှုဘ၀ မြှင့်တင်ရေး ဆောင်ရွက်ကြဖို့ လွှတ်တော် ဥက္ကဋ္ဌ ပြောကြား

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေး ပထမနေ့ တွင် ရွေးကောက် တင်မြှောက်ခံ ကိုယ်စားလှယ် အသစ် ကိုးဦး နှင့် အစားထိုး တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးတို့  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုနေကြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၁၈ ရက် (ဆင်ဟွာ)

ပြည်သူ့လွှတ်တော်တော် ကိုယ်စားလှယ်များအနေဖြင့်ပြည်သူ့ကိုယ်စားလှယ်များ ပီသစွာ နိုင်ငံသူ နိုင်ငံသားများ၏ ဒီမိုကရေစီ အခွင့်အရေးများ ရရှိပြီး လူမှု စီးပွားဘ၀ မြှင့်တင်ရေးကို ဆက်လက် ဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ပြောကြားသည်။

“ဒီမိုကရေစီ အခွင့်အရေး ရှိရင် တာဝန်နဲ့ဝတ္တရားလည်း ရှိတယ်ဆိုတာ လွှတ်တော် ကိုယ်စား လှယ် များက စံနမူနာပြ ကျင့်ကြံ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ယဉ်ကျေးမှု ခိုင်မာဖို့ အတွက် အပြောင်းအလဲဟာ ဆက်လက် ဆောင်ရွက်ကြရမယ့် Process အဖြစ် ခံယူ ကြရမှာ ဖြစ်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ဟာ ပြည်သူ့ကိုယ်စားလှယ်များ ပီသစွာ နိုင်ငံသူ နိုင်ငံသားများရဲ့ ဒီမိုကရေစီ အခွင့်အရေးများ ရရှိပြီး လူမှု စီးပွားဘ၀ မြှင့်တင်ရေးကို ဆက်လက် ဆောင်ရွက် သွားကြပါစို့လို့ ပြောကြားရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်” ဟု – ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး ပထမနေ့တွင် ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက “ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲမှာ လိုက်ပါ ပြောင်းလဲ တိုးတက်နိုင်တဲ့ နိုင်ငံအဖြစ် ဖန်တီး ပုံဖော် ဆောင်ရွက်သွားကြဖို့လိုပါတယ်၊ ဥပဒေတို့မည်သည် ပြောင်းလဲလာ တဲ့ ခေတ်စနစ်နဲ့ အညီ လိုက်ပါ ပြောင်းလဲရတာ ရှိပါတယ်၊ နိုင်ငံရေး မူဝါဒ၊ စီးပွားရေး စနစ်၊ လူမှုရေး ဘဝတွေ ပြောင်းလဲတဲ့ အခါမှာလည်း ဥပဒေတို့ကို လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲပေးရ ပါတယ်။ ဒီအပြောင်းအလဲများမှာ ညီညွတ်မျှတအောင် မိမိတို့ကိုယ်တိုင်ကလည်း ပုံစံကျနေတဲ့ အတွေးအခေါ် mindset တွေကို ပြောင်းလဲ ကျင့်သုံးနိုင်ကြရမှာ ဖြစ်ပါတယ်၊ ကျွန်တော် တို့နိုင်ငံရဲ့ဒီမိုကရေစီ ကူးပြောင်းရေး ကာလဟာ စတင်ကာစ ဖြစ်ပြီး များစွာ နုနယ်တဲ့ အခြေအနေမှာ ရှိပါသေးတယ်၊ ဒီမိုကရေစီ စံချိန် စံညွှန်းတွေ ရောက်ရှိဖို့ များစွာ ကြိုးပမ်း အားထုတ်ကြရမှာ ဖြစ်ပါ တယ်၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးအတွက် အခက်အခဲ အကျပ် အတည်း တွေကို ကျော်လွှားကြရဦးမှာ ဖြစ်ပါတယ်၊ ပြည်သူတွေအကြား ဒီမိုကရေစီ အလေ့ အကျင့် တွေ ခိုင်မာ အားကောင်းစေဖို့ လွှတ်တော် ကိုယ်စားလှယ်များက ပူးပေါင်းကူညီ ဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

ယနေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန် အစည်း အဝေး ပထမနေ့၌ ၂၀၁၇ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ကြသော ရွေးကောက်ခံ ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ် ကိုးဦးနှင့် အစားထိုး ပြောင်းလဲထားသည့် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးတို့– စုစုပေါင်း ၂၁ ဦးတို့သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117