Connect with us

Environment, Disasters & Accidents

အမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၂ ဦး သေဆုံး၊ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိ

အမြန်လမ်းမကြီး၌ ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ-မီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယနေ့ (မတ် ၂၃ ရက်) နံနက် ၅ နာရီ ၅၀ ခန့်က ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားပြီး လူ ၂ ဦး သေဆုံးကာ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုသည် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၈၄/၁-၂ အနီး၌ လမ်းပေါ်တွင် ရပ်ထားသည့် ကုန်တင်ယာဉ်ကို Light Truck ယာဉ်က နောက်မှဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အမျိုးသား၂ ဦး အခင်းဖြစ်ပွားရာမှာ ပွဲချင်းပြီးသေဆုံးတယ်၊ ယာဉ်ပေါ်ပါ ၁၈ ဦးမှာ ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်”ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာ သို့ပြောသည်။

ယင်းတိုက်မှုကြောင့် အမျိုးသား ၃ဦး၊ အမျိုးသမီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး
ဒဏ်ရာရရှိသူများကို မိတ္ထီလာဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေကြောင်း၎င်းကပြောသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117