Connect with us

Culture & Entertainment

သင်္ကြန်ကာလအတွင်း လာရောက်လည်ပတ်မည့်သူများအတွက် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများဖွင့်လှစ်မည်

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိဘုရားများကို ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၆ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ထင်ရှားကျော်ကြားသည့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများကို သင်္ကြန်ကာလအတွင်း လာရောက်လည်ပတ်နိုင်ရန် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ဆင်ဟွာသို့ပြောကြားသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိဘုရားများကို ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၆ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိဘုရားများကို ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၆ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရှေးဟောင်းယဉ်ကျေးမှု နယ်မြေများဖြစ်သည့် မန္တလေးတိုင်း ဒေသကြီးရှိ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ရခိုင်ပြည်နယ်ရှိ မြောက်ဦးနှင့် ပဲခူးတိုင်း ဒေသကြီးရှိပျူရှေးဟောင်းယဉ်ကျေးမှုနယ်မြေ (ဗိဿနိုး၊ ဟန်လင်းနှင့် သရေခေတ္တရာ) တို့ကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပြတိုက်များကိုမူဧပြီ ၁၃ရက်မှ ၁၇ ရက်အထိ သင်္ကြန်ကာလအတွင်း ပိတထားမည်ဖြစ်ကြောင်း သိရသည်။

“သင်္ကြန်ကာလမှာ လာရောက်လည်ပတ်ချင်သူတွေ အတွက် ဒီရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွေကို ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း COVID-19 ကန့်သတ်ချက်တွေ ရှိခဲ့တဲ့အတွက် လာရောက်လည်ပတ်သူ အရေအတွက် ကျဆင်းသွားခဲ့ပေမဲ့ဒီနှစ်မှာ လာရောက်လည်ပတ်သူ ပိုများလာတဲ့ အတွက် အခုလိုဖွင့်လှစ်ဖြစ်တာပါ’’ ဟုဦးအောင်အောင်ကျော်က ပြောသည်။

သင်္ကြန်ကာလအတွင်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများသို့ လာရောက်မည့် ဧည့်သည်များ၏ လုံခြုံရေးအစီအစဉ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၎င်းကဆိုသည်။ မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများသို့ လာရောက်ခဲ့သော နိုင်ငံခြားသားခရီးသွားဧည့်သည် ၄၀၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှု စုစုပေါင်းမှာ ယမန်နှစ်ကထက် ဇန်နဝါရီလက ၂၁၄ ရာခိုင်နှုန်းခန့် တိုးလာသည်ဟု တရားဝင်အချက်အလက်များအရ သိရသည်။ မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ဧည့်သည် ၂၃၃,၄၈၇ ဦး လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.